Pages

Pages

ကျောက်ပန်းတောင်းမြို့နယ်တွင် ဝန်ထမ်းများအား Biographc Data နှင့် Biometric Data ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်



MNP ၊    ဇွန်   ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင်  ဝန်ထမ်းများအား အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ( Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို၊ ဇွန်လ(၂၇)ရက်နေ့မှ နံနက်(၁၀)နာရီမှ စတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


အဆိုပါ e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူပြီး Database အတွင်းသို့  ထည့်သွင်းခြင်း လုပ်ငန်းများကို၊ ကျောက်ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူး ဦးစိုးပိုင်၏ ကြီးကြပ်မှုဖြင့် ကျောက်ပန်းတောင်းမြို့နယ် စာရင်းကောက်ယူရေးအဖွဲ့က ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများကို စတင်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ယူဆောင်လာစေပြီး၊ ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက် များ( Biometric Data) ကောက်ယူ၍ Database အတွင်းသို့  ထည့်သွင်းသိမ်းဆည်းပြီး၊  Unique ID နံပါတ်ပါ ကတ်ပြားများ ပြန်လည် ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


အဆိုပါ လုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း ၁၅၁ ဦးကို(၂၇-၆-၂၀၂၃)ရက် နေ့မှ (၂၉-၆-၂၀၂၃) ရက်နေ့အထိ ၃ ရက်တာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ ကျန်ဌာနဆိုင်ရာ ဝန်ထမ်းများအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးမှာပင်၊ ဆက်လက်၍  ဩဂုတ်လ အထိ နေ့စဉ် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


နေအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment