မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး Biometric Enrollment and UID Management System အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး Biometric Enrollment and UID Management System အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်



MNP ၊ ဇွန် ၁၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး Biometric Enrollment and UID Management System အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး  အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် Biometric အချက်အလက် ကောက်ယူရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


သင်တန်းဖွင့် အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် e-Government ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုအရ အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေ မှတ်ပုံတင်ခြင်းလုပ်ငန်း (e-ID) ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ Focal Mini stry အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် နေပါကြောင်း၊ e-ID စနစ်ဟာ နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ Biographic နှင့် Biometric အချက်အလက်များ ကောက်ယူပြီး ဂဏန်း(၁၀)လုံး ပါဝင်  သော Unique ID(UID)နံပါတ်တစ်ခုစီပေးပြီး  Digital စနစ်ဖြင့် အချက်အလက်များအား မှတ်ပုံတင်ထားရှိပြီး Database အတွင်း၌ ထိန်းသိမ်းထားသော စနစ်ဖြစ်ကြောင်း၊ ၎င်းနောက် ဥပဒေနှင့်အညီ နိုင်ငံသူဖြစ်ခွင့်ရှိသူ အားလုံးအား အီလက်ထရောနစ်ဖြင့်  National ID (NID)ကို ထုတ်ပေးနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း သိရှိရကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဟာ e-ID စနစ်အကောင်အထည်ဖော်မှု ပထမအဆင့်အနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာ ထုတ်ပေးထားရှိပြီးဖြစ်တဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူတို့၏ ကိုယ်ရေးအချက်အလက်ပေါင်း (၅၂) သန်းကျော်ကို Biographic Registration Sys tem အတွင်းသို့ လည်းကောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆) ၁၃သန်းကျော်အား House hold Registration System အတွင်းသို့လည်းကောင်း နိုင်ငံတစ်ဝှမ်းလုံးအတိုင်းအတာအရ ရာခိုင်နှုန်းပြည့် ထည့်သွင်းပြီးစီး ခဲ့ပြီဖြစ်တယ်လို့ သိရှိရပါကြောင်း၊ ဆက်လက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် ဒုတိယအဆင့်ဖြစ်တဲ့ Biometric အချက်အလက်ကောက်ယူရေး  လုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ယနေ့ Biometric Enrollment and UID Management System အသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း Biometric အချက်အလက်များ ကောက်ယူရာမှာ ဦးတည်အုပ်စု (၆)အုပ်စု သတ်မှတ်ပြီး ကောက်ယူသွားမှာဖြစ်ပြီး၊ ဦးတည်အုပ်စုများကိုတော့  ပထမဦးစားပေး အဖြစ် နိုင်ငံဝန်ထမ်းများနှင့် မှိခိုမိသားစုဝင်များအား ဦးစွာကောက်ယူသွားမည်ဖြစ်ပြီး၊ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ အကျဉ်းထောင်/အချုပ်ထောင်မှ အကျဉ်းသား/ အကျဉ်းသူများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုများ၊ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများ၊ ဘုန်ကြီး/သီလရှင်များနှင့် သာသနာ့ဝန်ထမ်းများကို အဆင့်ဆင့်အစီအမံများ ရေးဆွဲပြီး ကောက်ယူသွားမှာဖြစ်ကြောင်း၊ Biometric အချက်အလက် ကောက်ယူခြင်းဟာ e-ID e-Government စနစ် ပီပြင်စွာကျင့်သုံးနိုင်ဖို့ အခြေခံကျသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းပေးထားသည့် တိုင်း၊ ခရိုင်၊ မြို့နယ် Biometric အချက်အလက်ကောက်ယူရေး ကြီးကြပ်မှုကော်မတီများ၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းများ၊ ခန့်အပ်တာဝန် ပေးအပ်ထားသည့် ယာယီစာရင်းကောက်များအနေဖြင့် မကွေးတိုင်းဒေသကြီး Biometric အချက်အလက် ကောက်ယူခြင်းလုပ်ငန်းအား အောင်မြင်အောင် ကျရာကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး Biometric တာဝန်ခံအရာရှိက Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက် ကောက်ယူရန် ပြင်ဆင်ထားရှိမှုနှင့် သင်တန်းဖွင့်လှစ်ပို့ချမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ၊ ခန်းမအတွင်း Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက် ကောက်ယူရန် လက်တွေ့ဆောင်ရွက် နေမှုအား လှည့်လည်ကြည့်ရှုကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က e-ID စနစ်လုပ်ငန်းစဉ်များ ဖြစ်သည့် e-ID  Database System  အတွင်းသို့ Biograohic နှင့် Biometric အချက်အလက်များ ကောက်ယူထည့်သွင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် နိုင်ငံအတွင်း နေထိုင်သူအားလုံး ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique Identity (UID) ထုတ်ပေးနိုင်ရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မောင်ညီညာ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)