နတ်မောက်မြို့၌ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအား Biometric အချက်လက်ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့၌ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအား Biometric အချက်လက်ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်


MNP ၊    ဇွန်   ၂၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေး အချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအား ယမန်နေ့က စုရပ်များဖြစ်သည့် မြို့နယ်ကျန်းမာရေးဌာနခန်းမနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ‘မြို့နယ်ရုံးတို့တွင်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါဆောင်ရွက်ခဲ့ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများက ဦးတည်အုပ်စုအလိုက် ကောက်ယူထားသည့် အမည်စာရင်းများအား ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုဝင်များကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး လာရောက် ဆောင်ရွက်သူများ၏ (Biographic Data)နှင့် (Biometric Data) များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး မတူညီသည့် ဂဏန်း(၁၀)လုံးပါဝင်သည့်  Unique ID နံပါတ်သတ်မှတ်၍ ကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးခဲ့ကြောင်း သိရသည်။


လုပ်ငန်းဆောင်ရွက်ရာစုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိုန့ယ်ဦးစီးမှူးရုံးရှိ ဦးစီးအရာရှိတို့က လိုက်လံကြည့်ရှုခဲ့ကြရာ  နတ်မောက်မြို့ရှိ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားဝင်များအား (Biometric) အချက်အလက်ကောက်ယူခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးခဲ့သူ (၉၂၈)ဦး ထုတ်ပေးပြီး ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြိးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးရှိ ဦးစီးအရာရှိထံက သိရသည်။


လှဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)