ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းမှ တရားမဝင်ရွှေမျော သုံးပုံ တစ်ပုံခန့် ရှင်းလင်းဖယ်ရှားပြီးဖြစ်ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းမှ တရားမဝင်ရွှေမျော သုံးပုံ တစ်ပုံခန့် ရှင်းလင်းဖယ်ရှားပြီးဖြစ်ကြောင်း သိရ


MNP ၊ ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်း တရားမဝင်ရွှေမျောများ တူးဖော်လျက်ရှိပြီး ရွှေမျောများထံမှ KIA/PDF အကြမ်းဖက်အဖွဲ့များက ဆက်ကြေးကောက်ခံရယူနေသည့်အပေါ် ဒေသခံများက ရှင်းလင်းဆောင်ရွက်ပေးရန် ကာလရှည်ကြာ တောင်းဆိုခဲ့ကြသည်။ တရားမဝင် ရွှေမျောများအား စစ်ကြောင်းထိုး၍ ရှင်းလင်းဖယ်ရှားမှုကို ၂၄-၅-၂၀၂၃ ရက်နေ့မှ စ၍ လုပ်ဆောင်ခဲ့ပြီး သဖန်းဆိပ်ဆည်အတွင်းမှ တရားမဝင်ရွှေမျော သုံးပုံတစ်ပုံခန့် ရှင်းလင်းဖယ်ရှားပြီး ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံတစ်ဦး က "သဖန်းဆိပ်ဆည်ထဲမှာက ရွှေမျောက တစ်ထောင်ဝန်းကျင်၊ တစ်ထောင်ကျော်ကျော်လောက် ရှိတာပေါ့။ အခု ရှင်းလင်းသွားတဲ့အနေအထားဆိုရင် သုံးပုံတစ်ပုံလောက်တော့ ရှင်းသွားပြီလို့ ပြောနိုင်ပါတယ်။ အခု ရှင်းလင်းတာက ကျွန်းလှဘက်အခြမ်းကိုပဲ ရှင်းလင်းနိုင်တဲ့သဘောမျိုးပါ။ တချို့က စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ရွှေမျောတွေ အနောက်ဘက်ချမ်းကို ရွှေ့သွားတာတွေ ရှိတယ်။ ရေထဲမိုးထဲ ဆိုတော့ လုပ်ရကိုင်ရ ခက်ခဲတဲ့အပိုင်းလည်း ရှိမယ်။ ကျွန်းလှဘက်အခြမ်းကတော့ တော်တော်လေး ရှင်းသွားပါပြီ" ဟု ပြောသည်။

သဖန်းဆိပ်ဆည်သည် ကောလင်း၊ ကန့်ဘလူမြို့နယ်များနှင့်လည်း ထိစပ်နေပြီး အဆိုပါနေရာများသို့ ပြောင်းရွှေ့သွားသော ရွှေမျောများရှိကြောင်း၊ KIA/PDF အခိုင်အမာနေရာယူထားသည့် ကျေးရွာများ ရှိနေကြောင်း၊ စစ်ကြောင်း တစ်ကြောင်းတည်းထိုး၍ ရှင်းလင်းရန်မှာ မလွယ်ကူကြောင်း ဒေသခံများက ၎င်းတို့ တွေ့မြင်ရသည့် အခြေအနေကို ပြောသည်။

ဖမ်းဆီးရမိတရားမဝင် ရွှေမျောများကို မီးရှို့ဖျက်ဆီးခြင်း၊ အချို့သော ပစ္စည်းများကို သိမ်းဆည်းခြင်းများ ရှိကြောင်း၊ သိမ်းဆည်းရန် ခက်ခဲသော ရွှေမျောများကို ဖျက်ဆီးဖယ်ရှားခဲ့ရသည့် အခြေအနေများလည်း ရှိကြောင်း၊ ရက်ပိုင်းအတွင်း KIA/PDF အကြမ်းဖက်အဖွဲ့များ ဆက်ကြေးကောက်ယူနေသည့် တရားမဝင် ရွှေမျော ရာနှင့်ချီ၍ ရှင်းလင်းဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဆောင်ရွက်နေမှုအခြေအနေနှင့် ပတ်သက်၍ ဒေသခံအား မေးမြန်းရာ "လတ်တလောတော့ စစ်ကြောင်း ပြန်ရုပ်သွားတာကို တွေ့ရတယ်။ ဟိုဘက်တွေကို လိုက်ရှင်းဖို့ကြတော့ ကုန်တတန်၊ ရေတစ်တန်နဲ့ မလွယ်တဲ့ သဘောဖြစ်မယ်။ ကျွန်တော်တို့ အမြင်အရ ပြောရရင်တော့ စစ်ကြောင်း တစ်ကြောင်းတည်းနဲ့ ဘယ်လိုမှ မလွယ်ဘူးလေ။ တစ်ဖက်မှာကလည်း လက်နက်ကိုင်အကြမ်းဖက်အဖွဲ့က ရှိနေတော့ စစ်ကြောင်း နှစ်ကြောင်း၊ သုံးကြောင်း လောက်ကို ထိုးပြီး ရှင်းမှ ရလိမ့်မယ်လို့ ထင်တယ်။ အခု လတ်တလောတော့ စစ်ကြောင်း မရှိတော့ပါဘူး။ ဘယ်တော့ ပြန်စမလဲ မသိပါဘူး" ဟု ပြောသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)