အမ်းမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ပညာသင် နှစ်အခြေခံပညာကျောင်းများသန့်ရှင်းစွာဖွင့်လှစ်နိုင်ရေးစုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ပညာသင် နှစ်အခြေခံပညာကျောင်းများသန့်ရှင်းစွာဖွင့်လှစ်နိုင်ရေးစုပေါင်းသန့်ရှင်းရေးဆောင်ရွက်






MNP ၊ မေ  ၃၁

     ရခိုင်ပြည်နယ် အမ်းခရိုင်၊အမ်းမြို့ နယ်တွင်၂၀၂၃ -၂၀၂၄ ပညာသင် နှစ်အခြေခံပညာကျောင်းများသန့်ရှင်းစွာ ဖွင့်လှစ် ပညာသင်ကြားနိုင်ရေးအတွက်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက်ကစုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။


       အဆိုပါအခြေခံပညာကျောင်းများသန့်ရှင်းစွာ ဖွင့်လှစ် ပညာသင်ကြားနိုင်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့ပေါ်ရပ် ကွက်များ နှင့်မြို့နယ်အတွင်းရှိအခြေခံ ပညာကျောင်းများ ကျောင်းဖွင့်ချိန်တွင် ကျောင်းဝန်းကျင် သန့်ရှင်းသာယာပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ကြား နိုင်စေရန်  အတွက်တပ်တောင်မြို့တွင်မြို့အုပ်ချုပ်ရေးမှူးက ဦးဆောင်မှုဖြင့်လည်းကောင်းရပ်ကွက်ကျေးရွာ အုပ်စုများတွင်ရပ်ကွက်ကျေးရွာအုပ် ချုပ် ရေးမှူးများ နှင့်ပြည်သူလူထုများကပူးပေါင်းမှုဖြင့် ​ေကျာင်းပတ်ဝန်းကျင် ရှိ အမှိုက်များနှင့်စာသင်ခန်းများအတွင်း ရှိအမှိုက်များအားစုပေါင်းပြီး သန့်ရှင်းရေးများဆောင်ရွက်ခြင်း၊အမှိုက်များကောက်ခြင်း၊အမှိုက်များကိုစနစ်တကျ စွန့်ပစ်ခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသ တင်းရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)