Pages

Pages

ပေါက်တောမြို့၌ (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော အသင်းဝင်သား/သမီးများအားဂုဏ်ပြု





MNP ၊    ဇွန်   ၂၉

 (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခိုင်သဇင်(ပညာရေး) ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော အသင်းဝင်သား/ သမီးများအား ဂုဏ်ပြုအခမ်း အနားကို ယနေ့ မွန်းလွဲ ၁၂ နာရီက ပေါက်တောမြို့နယ် သမဝါယမဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးအေးသိန်း က အဖွင့်အမှာစကားပြောကြားပြီး ပေါက်တောမြို့နယ် သမဝါယမဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးရွှေစောဦး က သမဝါယမနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ၂ ဘာသာဂုဏ်ထူးရှင် ၂ ဦး ၊၁ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး တို့ကို မြို့နယ်ပညာရေးမှူး ဦးအေးသိန်း၊ မြို့နယ်ဦးစီးမှူး ဦးရွှေစောဦး နှင့် တာဝန်ရှိသူများ က ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ ခိုင်သဇင်(ပညာရေး) ငွေစုငွေချေး သမဝါယမအသင်းလီမိတက်ကို ၁၉၉၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါတွင် အသင်းသား အသင်းသူ စုစုပေါင်း ၁၂၇၃ ဦးရှိကြောင်း သိရသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment