ရမ်းဗြဲမြို့နယ်၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးခြင်းအခမ်းအနားကျင်းပ






MNP ၊    ဇွန်   ၅

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှ်ိနေသောဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့်တာဝန်ရှိသူများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးခင်မောင်သန်းနှင့်ဌာနဆိုင်များသည်ယနေ့ နံနက်(၁၁)နာရီအချိန်ကရမ်းဗြဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ (၂၀၂၃ )ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးခြင်းအခမ်းအနားကို တက်ရောက်အားပေးခဲ့ကြောင်းသိရသည်။


ထိုသို့ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို (၂၀၂၁-၂၀၂၂)နှစ်၊မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကြွေးကျန်ပေးဆပ်သည့်တောင်သူများကိုထုတ်ချေးပေးသွားမည်ဖြစ်ပြီး(၂၀၂၃ )ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် (၄၃၅၀၀)သိန်းကိုရမ်းဗြဲမြို့နယ်၌ထုတ်ချေးပေးရန်လျာတားထားပြီး ယခုအခါ ကနဦးခွင့်ပြုငွေကျပ် (၁၈၀၀၀ )သိန်းရရှိထားပြီးဖြစ်၍၊ပုန်းဆိုးပြင်ကျေးရွာတောင်သူ(၁၀၈)ဦးသို့စပါးစိုက်ဧက (၃၉၈)ဧကအတွက် တစ်ဧကလျှင်(၁၅၀၀၀၀)နှုန်းဖြင့် ချေးငွေကျပ် (၅၉၇ )သိန်းကိုထုတ်ချေးပေးလျက်ရှိသည်။


(၂၀၂၁-၂၀၂၂)ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ‌ကြွေးကျန်ပေးဆပ်ထားသည့်ကျေးရွာ/အုပ်စုများသို့လည်းချေးငွေလျှောက်လွှာများပေးထားပြီးဖြစ်၍ (၂၀၂၃)ခုနှစ်၊မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကိုစဉ်ဆက်မပြတ်ထုတ်ချေးပေးနိုင်ရေးဆောင်ရွက်ထားရှိပြီးဖြစ်သည်။ 


ရမ်းဗြဲမြို့နယ်အတွင်းမှ (၂၀၂၁-၂၀၂၂)ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့်အမြန်ဆုံးပြန်လည်ပေးဆပ်၍(၂၀၂၃)ခုနှစ်၊မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအသစ်ပြန်လည်ထုတ်ချေးရန်အတွက်လည်း မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှနှိုးဆော်တိုက်တွန်းထားရှိကြောင်း သိရသည်။        


 https://t.me/MyanmarNationalPost        



                                     

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)