အမ်းမြို့လေယာဥ်ကွင်းရပ်ကွက် မြို့ဦးကျောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ထောက်ပံ့ငွေနှင့်လှူဖွယ်ဝတ္တုများဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့လေယာဥ်ကွင်းရပ်ကွက် မြို့ဦးကျောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ထောက်ပံ့ငွေနှင့်လှူဖွယ်ဝတ္တုများဆက်ကပ်လှူဒါန်း







MNP ၊    ဇွန်   ၂၂

      ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့လေယာဥ်ကွင်းရပ်ကွက် မြို့ဦးကျောင်း လူငယ်ဖွံ့ဖြိုးရေးပရဟိ တဂေဟာ သို့လူ မှုဝန်ထမ်းကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မှ ထောက်ပံ့ငွေပေးအပ် ပွဲ နှင့် လှူဖွယ်ဝတ္တုဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နေ့ လည်အချိန်တွင်မြို့ဦးကျောင်းတိုက်ဓမ္မာရုံအတွင်း၌ ကျင်းပခဲ့သည်။


      မြို့ဦးကျောင်း လူငယ်ဖွံ့ဖြိုးရေးပရ ဟိတဂေဟာသို့ထောက်ပံ့ငွေနှင့်လှူဖွယ်ဝတ္တုများဆက်ကပ်လှူဒါန်းပွဲ အခမ်းအ နားသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင် ကျော်မင်း  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊လေယာဥ်ကွင်းရပ်ကွက်အုပ်ချုပ် ရေးမှူး နှင့်ပရဟိတဂေဟာမှကော်မတီဥက္ကဌ နှင့်ပရဟိတဂေဟာမှ ကျောင်း သား ၊ကျောင်းသူများတက်ရောက်ကာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင် ကျော်မင်း က မြို့ဦးကျောင်းဆရာတော်အား ဆန် ၊ဆီ၊ဆားနှင့် လှူဖွယ်ဝတ္တုများဆက်ကပ် လှူဒါန်းပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေဝန်ကြီး ဌာန လူမှုဝန်ထမ်းဦးစီးဌာနမှထောက်ပံ့ ပေး အပ်သောအလှူငွေ ၆၄၆၈ ၀၀၀/- ကျပ်အားပေးအပ်ရာ ပရဟိတဂေဟာမှ ကော်မတီဥက္ကဌကလက်ခံရယူကာ ဒုတိယတိုင်း မှူးနှင့်အခမ်းအနားတက်ရောက် လာသူမျာက လှူဖွယ် ဝတ္ထုအစုစု အတွက်ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်းသိရသည်။


     ဆက်လက်ပြီး ဒုတိယတိုင်းမှူး နှင့်အဖွဲ့သည် လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာရှိကျောင်းသား (၄၈ )ဦး၊ကျောင်း သူ (၂၈) ဦးနှင့်တွေ့ဆုံ၍အားပေးစကားများပြောကြားခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)