Pages

Pages

ပြည်သူများသက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးဘော့ချိတ်ပုစွန် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချပေး



MNP ၊    ဇွန်   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့်အမာမြို့ ငါးလုပ်ငန်းဦးစီးဌာနနှင့် အင်းသားကြီးများ ပူးပေါင်း၍ ဖျာပုံမြို့ အမှတ် (၁၅)ရပ်ကွက်ရှိ ပြည်သူများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဘော့ချိတ်ပုစွန်(၂၅)ပိဿာအား ရောင်းချပေးခြင်းကို ဇွန်လ (၂၉)ရက်နေ့ နံနက်(၇)နာရီခွဲ အချိန်က အဆိုပါ​ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးခဲ့ကြသည်။


ထိုသို့ပြည်သူများသက်သာသောစျေးနှုန်းဖြင့် ဘော့ချိတ်ပုစွန်များ ရောင်းချပေးရာတွင် အမာမြို့ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူးဦးသန်းဦးနှင့်ဝန်ထမ်းများ၊ အင်းသားကြီးများ၊ ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက အိမ်ထောင်စုတစ်စုလျှင် ဘော့ချိတ်ပုစွန်(၂၅)ကျပ်သားကို ငွေကျပ်(၁၇၅၀)ဖြင့် ရောင်းချပေးရာ ဘော့ချိတ် ​ပုစွန်ပိဿာချိန် (၂၅)ပိဿာကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြပြီး၊၊ ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စုများကိုလည်း သက်သာသောစျေးနှုန်းဖြင့် ဘော့ချိတ်ပုစွန်များကို ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ အမာမြို့ ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရှိရသည်။


အောင်ဝင်းနိုင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment