MNP ၊ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများဘေးမှ ကြိုတင်ကာကွယ် တားဆီးနိုင်စေ ရေးရန်အတွက် ဇွန်လ ၈ ရက်နေ့က စတင်၍ အခြေခံပညာကျောင်းများအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း များဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားတိုက်ဖျက်ရေးဌာန၊ ဦးရဲဇော်(ဆေးဖြန်း)နှင့် ဦးသော်ဇင်အောင်(ဆေးဖြန်း)တို့က အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း)နှင့် ခြေခံပညာမူလတန်း၊ အလယ်တန်းကျောင်းစာသင်ခန်းများ၊ သန့်စင်ခန်းများနှင့် ကျောင်းပတ်ဝန်းကျင်တို့အား သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင် စေရန်နှင့် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် မာလာသီရွန်ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
မျိုးဇော်သိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment