အမ်းမြို့နယ်၌ သဗ္ဗဇေယျမုနိဘုရားကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ပေါင်းမြက်များ ခုတ်ထွင်ရှင်း လင်းခြင်းနှင့်အမှိုက်ကောက်ခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ သဗ္ဗဇေယျမုနိဘုရားကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ပေါင်းမြက်များ ခုတ်ထွင်ရှင်း လင်းခြင်းနှင့်အမှိုက်ကောက်ခြင်းဆောင်ရွက်





MNP ၊    ဇွန်   ၁၇

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်း မြို့နယ် အောက်ရွာကျေးရွာအုပ်စု (၁)မိုင်ကုန်းရှိ သဗ္ဗဇေယျမုနိဘုရားကြီးပုရဝုဏ်အတွင်းပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်းနှင့်အမှိုက်ကောက်ခြင်းကို ယနေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ဆောင် ရွက်ကြောင်းသိရသည်။


 အမ်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းဦးဆောင်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ခရိုင်/ မြို့ နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်း​များ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူ များပူးပေါင်း၍ သဗ္ဗဇေယျမုနိဘုရားကြီး ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက်  ခြုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်း လင်းခြင်း၊ အမှိုက်ကောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)