ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့် အဖွဲ့ဝင်များ ပုဏ္ဏားကျွန်းမြို့ရှိ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ ၊ မုန်တိုင်းဒဏ်သင့်ပြည်သူများအားတွေ့ဆုံ၊ စားသောက်ဖွယ်ရာများ နှင့် ထောက်ပံ့ငွေများပေးအပ်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့် အဖွဲ့ဝင်များ ပုဏ္ဏားကျွန်းမြို့ရှိ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ ၊ မုန်တိုင်းဒဏ်သင့်ပြည်သူများအားတွေ့ဆုံ၊ စားသောက်ဖွယ်ရာများ နှင့် ထောက်ပံ့ငွေများပေးအပ်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်


MNP ၊ ဇွန် ၅

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် တိုးရီ တို့က ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်း များတွင် ဒေသအလိုက်တာဝန်ပေးအပ်ထားသူများနှင့်အတူ ယနေ့တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ရှိ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်း နှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ၊ ဒံပေါက်ထမင်းဘူး များနှင့် ထောက်ပံ့ငွေများပေးအပ်သည်။         

ထို့နောက် အဖွဲ့ဝင်များသည် မုန်တိုင်းတိုက်ခတ်ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြကာ SKY NET မိသားစု၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက် တာများ အသင်းချုပ်(MLCA)၊ MLCP အများပိုင် ကုမ္ပဏီလီမိတက်၊ မြန်မာ-အိန္ဒိယ-တရုတ်ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း(MICA)နှင့် ဘာသာစုံ မိတ်ဆွေ များ၏ ရက် ၃၀ စတုဒိသာအလှူတော် အစီအစဉ်ဖြင့် ချက်ပြုတ်လှူဒါန်းသော ဒံပေါက် ထမင်းဘူးများ ထောက်ပံ့လှူဒါန်းကြသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် ပုဏ္ဏား ကျွန်းမြို့၏ လူစည်ကားရာနေရာများတွင် မုန်တိုင်းသင့်ဒေသခံပြည်သူများအား ဒံပေါက် ထမင်းဘူးများပေးဝေလှူဒါန်းကြပြီး သန့်ရှင်းသော သောက်သုံးရေများ သောက်သုံး နိုင်ရန်အတွက် တပ်မတော်ရေသန့်စင် မော်တော်ယာဉ်ဖြင့် သောက်ရေသန့်များ ထုတ်လုပ် ဖြန့်ဝေလှူဒါန်းနေမှုနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေး ကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။ ယင်းနောက် အဖွဲ့ဝင်များသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကာ မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးခဲ့သည့် စာသင်ဆောင်များ ပြန်လည်ပြုပြင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းများအမြန်ဆုံးဆောင်ရွက်ပြီးစီးရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ ပညာ သင်ကြားနေမှုကို ကြည့်ရှုအားပေးကာ ဒံပေါက်ထမင်းဘူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)