MNP ၊ ဇွန် ၂၂
နေပြည်တော်ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ် ငလိုက်ကြိုးဝိုင်း အကွက်အမှတ် (၈၀) တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း နေပြည်တော်သစ်ထုတ်ရေးဒေသမှ ဇွန် ၂၁ ရက်၊ နံနက် ၈ နာရီအချိန်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ကြောင်းသိရသည်။
မြန်မာ့သစ်လုပ်ငန်း၊ နေပြည်တော်သစ်ထုတတ်ရေးဒေသမှ ဦးလှမျိုးဦး မန်နေဂျာ (အုပ်ချုပ်နှင့်စီမံခန့်ခွဲရေး) ဦးလင်းဇော်ခိုင် (မန်နေဂျာ) တို့ ဦးဆောင်၍ နယ်တာဝန်ခံများ၊ ရုံးဝန်ထမ်းများ၊ ငလိုက်စခန်းသာဆင်စခန်းမှ ဝန်ထမ်းများစုပေါင်း၍ ၂၀၂၃ ခုနှစ် သစ်ပင်စိုက်ပျိုးပွဲအဖြစ် တမလန်း၊ မဟော်ဂနီ၊ မယ်ဇလီ၊ ဆီသပြေစသည့် နှစ်နှစ်သားအရွယ်၊ နှစ်ပေအထက်သစ်ပင်မျိုးများကို (၂၀၀) ပင်စိုက်ပျိုးခဲ့ကြောင်း၊ ငလိုက်ကြိုးဝိုင်းသည် ငလိုက်ဆည်၏ ရေဝေရေလဲများ စီးဆင်းရာ အဓိကကြိုးဝိုင်းဖြစ်ခြင်းကြောင့် သဘာဝမြေဆီလွှာနှင့် သစ်ပင်ဇီဝမျိုးစုံထိန်းသိမ်းရေးအတွက် ရည်ရွယ်ကာစိုက်ပျိုးခြင်းဖြစ်ကြောင်း ဦးလင်းဇော်ခိုင် (မန်နေဂျာ) မှပြောကြားသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment