မောက်မယ်မြို့နယ် နမ့်ယွန်းခန်းမ၌ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ် နမ့်ယွန်းခန်းမ၌ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ




MNP ၊    ဇွန်   ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၏ ၂၀၂၂−၂၀၂၃ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်နမ့်ယွန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အ.လ.က(ခွဲ)စျေးတန်းမှ ကျောင်းသား/ကျောင်းသူလေးများက “ နှလုံးသားကိုအလှဆင်ပါ” သီချင်းဖြင့်သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ရာ အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်က ပညာရေးဆိုင်ရာကိစ္စရပ်များ အားဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၂−၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အခမ်းအနား သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊  မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပြီး အ.ထ.က(မောက်မယ်)မှ ကျောင်းသား/ကျောင်းသူလေးများက “ကျောင်းကောင်စီ” သီချင်းဖြင့်သီဆိုဖျော်ဖြေကြ၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။                                                                                                                          


စိုင်းမျိုးသန့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)