Pages

Pages

ဗိုလ်ချုပ်စိုးနိုင်ဦး သံတွဲမြို့၌ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်အားပေးချီးမြှင့်




MNP ၊    ဇွန်   ၂၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် သစ်တောဉီးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ယမန်နေ့နံနက် ၉း၃၀ နာရီက ပဒဲကောကျေးရွာအုပ်ရှိ သံတွဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ရာ လေဘေးသင့် ဒေသများအား ပြန်လည် ထူထောင်ရေးဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်အားပေးချီးမြှင့်ပေးခဲ့သည်။


ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးချစ် က ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ အဖွဲ့များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး များအား ပျိုးပင်များအားလွှဲပြောင်း ပေးအပ်ခဲ့ကြသည်။


ဆက်လက်၍ ၂၀၂၃ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ရာ ဗိုလ်ချုပ်စိုးနိုင်ဦး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ အဖွဲ့များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၄၀၀) ကျော် စုပေါင်း၍ ကျွန်း၊ ပျဉ်းကတိုး၊ မအူလက်တံတို၊ ကံ့ကော်၊ စိန်ပန်း မန်ဂျန်ရှား၊ ပျဉ်မ၊ ငုရွှေဝါ၊ ပုန်းညှက်၊ ကုက္ကို၊ သင်္ကန်းနက်၊ ခရေ၊ ပိတောက်နှင့် မဟော်ဂနီ စုစုပေါင်းအပင် (၁၀၂၀) ပင်တို့ကို စုပေါင်း စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။


ထိုသို့စိုက်ပျိုးရခြင်းမှာ သံတွဲမြို့အဝင် စိမ်းလန်းစိုပြည်သာယာလှပစေရန်နှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန် နှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် အများပြည်သူတို့ တက်ကြွစွာပူးပေါင်း ပါဝင်လာစေရန်ရည်ရွယ်၍ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးသိန်းဝင်းအောင်ထံမှ သိရှိရသည်။


သန့်ဇင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment