မြောက်ဦးမြို့နယ် ပြန်လည် ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့် တာဝန်ရှိသူများက မြောက်ဦးမြို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဓါတ်အားခွဲရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေး ၊ မြောက်ဦးမြို့တွင် လျှပ်စစ်မီးများရာနှုန်းပြည့် ပြန်လည်ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ် ပြန်လည် ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့် တာဝန်ရှိသူများက မြောက်ဦးမြို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဓါတ်အားခွဲရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေး ၊ မြောက်ဦးမြို့တွင် လျှပ်စစ်မီးများရာနှုန်းပြည့် ပြန်လည်ရရှိ






MNP ၊    ဇွန်   ၂၃

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့် တာဝန်ရှိသူများသည် မိုခါမုန်တိုင်းကြောင့် ပြတ်တောက်သွားခဲ့သော လျှပ်စစ်မီးများကို ဇွန်လ ၂၃ ရက်နေ့အပြီး မြောက်ဦးတစ်မြို့လုံး လျှပ်စစ်မီးများ   ရာနှုန်းပြည့်ပြန်လည်ရရှိနိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီအချိန်က မြောက်ဦးမြို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဓါတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သောပေါင်းစပ်ညှိနှိုင်းမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


ရခိုင်ပြည်အတွင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေ၊ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား ၊ မြေပုံ၊ပေါက်တော၊ရသေ့တောင် စသောမြို့များတွင် လျှပ်စစ်ဓါတ်မီးတိုင်များ ပျက်စီး၍ မီးများပြတ်တောက်သွားခဲ့သည်။ထို့သို့ ပြတ်တောက်သွားသည့် လျှပ်စစ်မီးများပြန်လည် ရရှိနိုင် ရေးအတွက် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများနှင့် ရခိုင်ပြည်နယ်မှ လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်း၍ နေ့ရော၊ညပါ လျှပ်စစ်ဓါတ်မီးတိုင်များကို ပြုပြင်ဆောင်ရွက် ခဲ့ကြသည်။


ထိုကဲ့သို့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် လျှပ်စစ်ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုများ ကြောင့် ဇွန်လ ၂၃ ရက်နေ့ ယနေ့ နေ့လယ်  ( ၁၁:၂၃  ) မိနစ်  အချိန်မှစ၍ မြောက်ဦးမြို့ နှင့်    ပတ်ဝန်းကျင်ကျေးရွာများတွင် လျှပ်စစ်မီးများ ရာနှုန်းပြည့်ရရှိနေပြီး ကျောင်းသား၊ ကျောင်းသူများ ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများအားလုံးက ဝမ်းမြောက်ပျော်ရွှင် လျက်ရှိကြောင်း သိရသည်။


မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)