ရသေ့တောင်မြို့တွင် ဌာဆိုင်ရာများနှင့်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် ဌာဆိုင်ရာများနှင့်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်





MNP ၊    ဇွန်   ၂၄

 ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ဌာဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၅ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှု Command Post ရုံးခန်းမတွင် ပြုလုပ်ရာ ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့​သည်။


အစည်းအဝေးတွင်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ   ဦးနိုင်လင်းထက် က ရသေ့တောင်မြို့နယ်ရှိမုန်တိုင်းဒဏ်သင့်ခဲ့သောကြောင့် ရှင်းလင်းရန်ကျန်နေသည့်ဌာနဆိုင်ရာရုံးများ၊လမ်းများမှအမှိုက်များအား အမြန်ဆုံးရှင်းလင်းဆောင်ရွက်ကြရန်၊မြို့သန့်ရှင်းသာယာလှပစေရေးအမှိုက်သရိုက်များအားစနစ်တကျစွန့်ပစ်ရန် အမှိုက်ကန်လိုအပ်နေမှုအခြေအနေများ၊မြို့ပေါ်ရပ်ကွက်များအတွင်းပိတ်ဆို့နေသည့်ရေမြောင်းများအတွင်းရေစီး၊ရေလာကောင်းမွန်စေရေး ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှမိမိတို့ ရုံးဌာန၊ရပ်ကွက်များအတွင်းရှင်းလင်းဆောင်ရွက်ရမည့်နေရာများအား တင်ပြကြရန်၊ မျိုးစပါးများရောက်ရှိလာပါကပျက်စီးမှုမရှိစေရေး စနစ်တကျဆောင်ရွက်ကြရန်၊ လယ်ထွန်စက်နှင့်ထွက်ယက်ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားနေ့စဥ်တင်ပေးကြရန် တို့ကိုပြောကြား​ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ကညှိနှိုင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်။


ထို့နောက် မြို့နယ် ဌာဆိုင်ရာများက မိမိတို့၏ ဌာနလုပ်ငန်းအခြေအနေများသက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများနှင့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးနိုင်လင်းထက်ကပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)