မိုးညှင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိုးညှင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

122

123


MNP ၊    ဇွန်   ၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မိုးဦးကာလတို့ ကျရောက်လာပြီဖြစ်၍ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ခြင်များ မခိုအောင်းနိုင်စေရန် မိုးရေတင်ကျန်နိုင်သော တာယာဟောင်းများ၊ ရေကန်၊ ရေအိုး၊ ရေခွက်၊ ရေတိုင်ကီ၊ ဘုရားပန်းအိုးနှင့် သောက်သုံးရေကန်များကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက် ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်ရှိနေသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် အပတ်စဉ် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ကွင်းဆင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages