ပုသိမ်မြို့၌ မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမား ဥပဒေများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့၌ မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမား ဥပဒေများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ


MNP ၊    ဇွန်   ၁၆

မြန်မာလုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမား ဥပဒေများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားအား ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများ၊ လုပ်ငန်း ရှင်များနှင့် စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားများတက်ရောက်ခဲ့ကြသည်။


မြန်မာလုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမား ဥပဒေများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် က“ ဧရာဝတီတိုင်းဒေသကြီးသည် တစ်ဖက်၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား လုပ်ကိုင်လျက်ရှိပြီး တစ်ဖက်၌ စက်ရုံအလုပ်ရုံ လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိပါကြောင်း၊ စက်ရုံအလုပ်ရုံများ ပေါ်ပေါက်လာသဖြင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အခွင့်အလမ်း များလည်း များစွာဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများနှင့် ဆက်စပ်သည့် စက်ရုံများလည်းရှိပါကြောင်း၊ စက်ရုံအလုပ်ရုံများသည် လူအများနှင့် လုပ်ကိုင် ရသည့် လုပ်ငန်းများဖြစ်သဖြင့် လုပ်သားများနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာများအရ ဖြေရှင်း ဆောင်ရွက်ပေးရမှုများလည်း ရှိခဲ့ပါကြောင်း၊ လုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီကို ၃-၆-၂၀၂၁ ရက်စွဲဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့ပေးမှုဖြင့် ကျွမ်းကျင် လေ့ကျင့်ရေးသင်တန်းကျောင်း ပုသိမ်တွင် လျှပ်စစ်သင်တန်း(၄)ကြိမ်၊ ဂဟေဆက်သက်တန်း(၁)ကြိမ်၊ အဲယားကွန်းပြုပြင် တပ်ဆင်ရေးသင်တန်း (၁)ကြိမ် စသည်တို့ကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါ​ကြောင်း၊ ဌာနဆိုင်ရာ များနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီအနေဖြင့် မိမိတို့၏ ကဏ္ဍအလိုက် သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားလိုပါ ကြောင်း၊ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများ ဥပဒေပါ အခွင့်အရေးများကို သိရှိနားလည်ခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်ခြင်းဖြင့် ကျွမ်းကျင်မှု ဆင့်မြင့်မားသည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်း၊ လုပ်သားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမှာဖြစ်ပါ ကြောင်းနှင့် အသိပညာဗဟုသုတများကို ဆက်လက်မျှဝေသွားရန် တိုက်တွန်းလိုပါကြောင်း” အမှာစကားများပြောကြားသည်။


ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အလုပ်သမားရေးရာ ဥပဒေများနှင့်ပတ်သက်၍ အမှာစကားများပြောကြားသည်။ ယင်းနောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က လုပ်သားများကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပြီး အခမ်းအနားအား ​ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)