မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍သန့်ရှင်းသောသောက်သုံးရေ ရရှိရေးဖြန့်ဝေပေးမှုနှင့်အဝီစိတွင်းတူးဖော်မှုအား ဒုတိယညွှန်ကြားရေးမှူးချုပ်မှကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍သန့်ရှင်းသောသောက်သုံးရေ ရရှိရေးဖြန့်ဝေပေးမှုနှင့်အဝီစိတွင်းတူးဖော်မှုအား ဒုတိယညွှန်ကြားရေးမှူးချုပ်မှကြည့်ရှုစစ်ဆေး





MNP ၊    ဇွန်   ၁၉

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့်သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ နံနက်ပိုင်းက  ရသေ့တောင်မြို့တောင်ရင်းတန်းရပ်ကွက်ဂူဝကန်မှရေကိုရေသန့်စင်ကား IR9489 ဖြင့်သန့်ရှင်းသောသောက်သုံးရေများအားဖြန့်ဝေပေးမှုအခြေအနေနှင့်တောင်ရင်းတန်းရပ်ကွက် မြတ်သာကန်အနီးအဝီစိတွင်းတူးဖော်ဆောင်ရွက်မှုအခြေအနေ များအားဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမောင်ဝင်းနှင့်တာဝန်ရှိသူများကကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။


ရသေ့တောင်မြို့နယ်အတွင်းနွေရာသီရေရှားပါးမှုကြုံနေရပြီး မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကန်အများစုမှာဆားငံရေဝင်သွားခြင်းကြောင့်သောက်သုံးရေအခက်အခဲများဖြစ်ပေါ်လျှက်ရှိခဲ့ရာယခုအခါ ရသေ့တောင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီးပြီးရေသန့်စင်ကား(၂)စီးဖြင့်မြို့ပေါ်ရပ်ကွက်(၄) ကွက်ရှိပြည်သူများ၊ယာယီနေရပ်စွန့်ခွာသူများ၊ကျေးရွာများနှင့်လေဘေးဒါဏ်သင့်ပြည်သူများထံသို့ ၂၂.၅.၂၃ ရက်နေ့မှသောက်ရေများစတင်ဖြန့်ဝေခဲ့ရာ ယနေ့အချိန်ထိ ဖြန့်ဝေလျှက်ရှိကြောင်း တာဝန်ရှိသူများထံမှသိရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)