အမ်းမြို့၌ အသက်(၂)နှစ်အောက် က လေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေး ထိုးနှံ တိုက်ကျွေးခြင်းဆောင်ရွက် ပေးလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ အသက်(၂)နှစ်အောက် က လေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေး ထိုးနှံ တိုက်ကျွေးခြင်းဆောင်ရွက် ပေးလျှက်ရှိ







MNP ၊    ဇွန်   ၅

  ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့၌ ကျေးလက်ကျန်းမာရေးဦးစီးဌာနက  မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက် (၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေး ထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်ကစတင်၍ ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။


  အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ ခြင်းနှင့်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ် ငန်းများကို မြောက်ပိုင်းရပ်ကွက် အုပ် ချုပ်ရေးမှူးရုံးနှင့် အောက်ရွာကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ဆောင် ရွက်ခဲ့ရာ တွင် ကိုယ်ဝန် ဆောင် မိခင်နှင့် အသက် (၂)နှစ်အောက်ကလေးများအား အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုး စပ်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်အသားဝါ ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယား ကာကွယ် ဆေး၊ ပိုလီယို သောက် ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါ ကာ ကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို အလှည့် ကျ စနစ်ဖြင့် ရပ်ကွက်/ ကျေးရွာများသို့ကွင်းဆင်း၍ ကျန်းမာရေးဝန်ထမ်းများက အကြိမ်ရေအလိုက် ထိုးနှံပေးလျက်ရှိသည်။


    ဆက်လက်၍ စခမ်းမော်အုပ်စုရှိကျန်း မာရေးဌာနခွဲ၌လည်းကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်းသတင်းရရှိပါ

သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)