ကျိုက်ထိုမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ






MNP ၊    ဇွန်   ၂၁

      မွန်ပြည်နယ်၊ကျိုက်ထိုမြို့တွင် ကျောင်း သား၊ ကျောင်းသူများ မူးယစ်ဆေးဝါး အန္တရာယ် ပတ်သက်၍ သိရှိစေရန် ရည် ရွယ်၍  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဖြင့် အသိ ပညာပေးဟောပြောပွဲကို ဇွန်(၂၁)ရက် နေ့လယ် (၁)နာရီက မူလွန် ကော့စံနိုင် ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

       အဆိုပါအသိပညာပေးဟောပြောပွဲတွင် မူလွန်ကော့စံနိုင် ကျောင်းမှ ကျောင်း အုပ်ဆရာမကြီး ဒေါ်မာမာဦး က  အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဖြင့် ကျောင်း သား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးကိုလုံးဝရှောင်ကြဉ်ရန်၊ မူးယစ်ဆေးဝါး အန္တရာယ် အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမိပါကဖြစ်တတ်သောရောဂါလက္ခဏာများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများအကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။

 

    ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ်ရေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ပြသရာ ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)