MNP ၊ ဇွန် ၂၁
မွန်ပြည်နယ်၊ကျိုက်ထိုမြို့တွင် ကျောင်း သား၊ ကျောင်းသူများ မူးယစ်ဆေးဝါး အန္တရာယ် ပတ်သက်၍ သိရှိစေရန် ရည် ရွယ်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဖြင့် အသိ ပညာပေးဟောပြောပွဲကို ဇွန်(၂၁)ရက် နေ့လယ် (၁)နာရီက မူလွန် ကော့စံနိုင် ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မူလွန်ကော့စံနိုင် ကျောင်းမှ ကျောင်း အုပ်ဆရာမကြီး ဒေါ်မာမာဦး က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဖြင့် ကျောင်း သား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးကိုလုံးဝရှောင်ကြဉ်ရန်၊ မူးယစ်ဆေးဝါး အန္တရာယ် အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမိပါကဖြစ်တတ်သောရောဂါလက္ခဏာများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများအကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ်ရေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ပြသရာ ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment