ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုဝင် သား/သမီးများအား ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုဝင် သား/သမီးများအား ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်









MNP ၊ မေ  ၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းမိသားစုဝင် သား/သမီးများအား ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်သည်။


အခမ်းအနားတွင် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် ခရိုင်ရုံးမှဝန်ထမ်းမိသားစုဝင်သား/သမီးများဖြစ်သော အဆင့်မြင့်ပညာ (တက္ကသိုလ်အဆင့်)တွင် တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူ(၄)ဦး၊ အထက်တန်းအဆင့် တွင် တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူ(၅)ဦး၊ အလယ်တန်းအဆင့်တွင်တက်ရောက်ကြ မည့် ကျောင်းသား/ကျောင်းသူ(၁)ဦးနှင့် မူလတန်းအဆင့်တွင်တက်ရောက်ကြမည့် ကျောင်းသား/ ကျောင်းသူ(၆) ဦးတို့အတွက် ပညာသင်ထောက်ပံ့ငွေနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများ ဖြစ်သည့် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ခဲဖျက် စသော ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများအား စားရေရိက္ခာများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများမှ လက်ခံရယူခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ 


အဆိုပါ အခမ်းအနားသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်၊ ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူး ဒေါ်ယမင်းထွန်း၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ ခရိုင်ရုံးဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ 


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)