နတ်မောက်မြို့၌ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့၌ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP ၊    ဇွန်   ၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဌာနဆိုင်ရာအကြီအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကျောင်းဖွင့်ရာသီဖြစ်သည့်အတွက် ကျောင်းသား/သူများလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းတက်/ဆင်းချိန်များတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်စေလိုပါကြောင်း၊ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးတွင် သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရန်လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများအနေဖြင့် တောင်သူများဖြင့် ပေါင်းစပ်လုပ်ကိုင်ကြရန်၊ အပတ်စဉ်သောကြာနေ့များတွင် မိမိရုံးဌာနများ၌ သန့်ရှင်းရေးဆောင်ရွက်စေလိုပါကြောင်းနှင့် အပတ်စဉ်စနေနေ့တွင် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်၊။


လှဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)