သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်း ကြီးကြပ်မှုကော်မတီ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်း ကြီးကြပ်မှုကော်မတီ အစည်းအဝေးကျင်းပ


MNP ၊    ဇွန်   ၂၄

သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း အောင်မြင်စွာဖွင့်လှစ်နိုင်ရေးနှင့်လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် သမဝါယမ သက်မွေးပညာသင်တန်း ကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း ရာမညဆောင်၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကျောင်းအကျိုးတော် ဆောင်ကာ်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီးဦးမြတ်သွင်က  အဖွင့်အမှာ စကားပြောကြားရာတွင် သမဝါယမ စာရင်းရေးစာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်းကို ၂ဝ၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခု ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်ကို ဒုတိယအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊  မိမိတို့ပြည်နယ်အတွင်း လူငယ်လူရွယ်များ၊ ပညာသင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းနိုင်ရေးအတွက် ယခုလိုသင်တန်းဖွင့်လှစ်နိုင်ရေး အသိပေးကြေညာပေးခဲ့ပြီး သင်တန်းတက်ရောက်သူ ပထမနှစ်နှင့် ဒုတိယနှစ် သင်တန်းသား/သူ (၇၈)ဦး ရှိကြောင်း၊  သင်တန်းသား/သူများ နေထိုင်ရေး၊ စားသောက်ရေး၊ သင်ကြားရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန်အတွက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးထားပါကြောင်း၊  ဒါ့အပြင် ကျောင်းဝတ်စုံနှင့် စာအုပ်စာတမ်းများကိုလည်း စီစဉ်ပေးထားကြောင်း၊ သင်တန်းဖွင့်လှစ်ရာမှာ နိုင်ငံတော်နှင့် မွန်ပြည်နယ်ရှိ သမဝါယမ အသင်းစုချုပ်၊ အသင်းစုများမှ ငွေကြေးများစွာကုန်ကျခံစေတနာထားပြီး ဆောင်ရွက်ပေးနေတာ ဖြစ်တဲ့အတွက်ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များနှင့် သင်တန်းကျောင်းကြီးကြပ်မှု ကော်မတီဝင်များ အနေဖြင့် (သင်တန်း ကျောင်းကြီး အောင်မြင်စွာဖြင့် သင်တန်းကာလပြီးဆုံးသည် အထိ ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်း ဆွေးနွေးအကြံပြု ပြောကြားခဲ့သည်။ 


ထို့နောက် ပြည်နယ် သမဝါယမ ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်မာအေး၊ သင်တန်းကျောင်း အုပ်ဆရာမကြီး ဒေါ်အေးကလျာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်ယု၊ သမဝါယမအသင်း စုချုပ်ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် တာဝန်ရှိသူ ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေး  အကြံပြုခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)