MNP ၊ ဇွန် ၁၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူ များအား ကျန်းမာရေးဝန်ကြီးဌာန၊ နယ်လှည့်အထူးကုအဖွဲ့(ဧရာဝတီ)မှ ဒေါက်တာဝေယံကို (အထွေထွေကုသမားတော်)ဦးဆောင်သော ခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ အရိုးအထူးကု ဆရာဝန်ကြီးများပါဝင်သည့် ဆေးကုသရေးအဖွဲ့သည် ယနေ့၊ နံနက်(၉)နာရီမှ ညနေ(၄)နာရီ အထိ၊ ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံကြီး၌ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပုဏ္ဏားကျွန်းမြို့နယ်ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အထူးကုအဖွဲ့(ဧရာဝတီ)မှ ဒေါက်တာ ဝေယံကို ဦးဆောင်၍ ခွဲစိတ်အထူးးကုဆရာဝန်ကြီး၊ ကလေးအထူးကူဆရာဝန်၊ အရိုးအထူးကု ဆရာဝန်ကြီးတို့က မြို့နယ်အတွင်း မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး လိုအပ်သည့်ဆေးဝါးများဖြင့် အခမဲ့ကုသပေးခဲ့သည်။
ဆက်လက်၍ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်တာဝန်ရှိသူများသည် တပ်အင်အားဖြည့်တင်း ရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီး ရဲထွန်းဝင်း ဦးစီး၍ ပါရဂူ ဗိုလ်ကြီးဝေတိုးသူနှင့် သူနာပြုများပါဝင်သော ကလေးအထူးကု ဆရာဝန်၊ ထွေထွေရောဂါကုဆရာဝန်ကြီးတို့က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် နာမကျန်ဖြစ်နေသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ဆေးဝါးများဖြင့် ကျန်းမာရေးစောင့်မှုပေးနေမှုတို့ကို ကြည့်ရှုအားပေးပြီး၊ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်
#MyanmarNationalPost
No comments:
Post a Comment