MNP ၊ ဇွန် ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့က န/ဂွေးချိုကျေးရွာနှင့် ဂွေးကန်(မ) ကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်ကော်မတီဖွဲ့စည်းခြင်းသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးတို့က နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ အဖြစ်ထူထောင်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းခြင်းနှင့် အသေးစားအလတ်စား စက်မှုလက်မှုလုပ်ငန်း များတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍများ တိုးတက်မြင့်မားရေးစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးကဏ္ဍလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စက်မှုလက်မှုကဏ္ဍအလိုက် လုပ်ငန်းအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ကျေးရွာများတွင် ကော်မတီဖွဲ့စည်းပေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးရွာရှိ ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
လှဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment