မိုခါမုန်တိုင်းအလွန် မြောက်ဦးမြို့၌ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု များအခမဲ့ ဆေးကုသပေးခြင်းအား တွေ့ဆုံမေးမြန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါမုန်တိုင်းအလွန် မြောက်ဦးမြို့၌ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု များအခမဲ့ ဆေးကုသပေးခြင်းအား တွေ့ဆုံမေးမြန်း




MNP ၊    ဇွန်   ၂၃

မေး။ ဆရာ့ရဲ့အမည်လေးနဲ့ ရာထူးကို အရင်ဦးဆုံးမိတ်ဆက်ပေးပါဦးခင်ဗျာ။


ဖြေ။ ကျွန်တော်က ဒေါက်တာသော်ဟိန်းဦးပါ။ ခွဲစိတ်အထူးကု ဆရာဝန်ကြီးပါ။


မေး။ ဆရာတို့ အခုဒီကို လာတာအင်အားဘယ်လောက် ပါပါသလဲ ခင်ဗျ။


ဖြေ။ ကျွန်တော်တို့အဖွဲ့ကတော့ အင်အား (၅) ယောက်ဖြစ်ပါတယ်။ ခွဲစိတ်အထူးကု ဆရာဝန် ကြီးရယ်၊ အထွေထွေရောဂါကု သမားတော်ရယ်၊ ကလေးအထူးကု ဆရာဝန်ရယ်၊ အရိုးအထူးကု ဆရာဝန်ရယ်၊ အရိုးလက်ထောက်ဆရာဝန်ရယ် ဆိုပြီးတော့ ဆရာဝန် (၅) ယောက်ရှိပါတယ်။ မြို့ခံဆရာ ဆရာမအဖွဲ့ကတော့ (၁၅) ယောက်လောက်ရှိပါတယ်။ 


မေး။ ဟုတ်ကဲ့ပါဆရာ။ ဆရာတို့အခု ရောက်ရှိလာတဲ့အခါ ဘာရောဂါတွေကို အဓိကထားပြီး ကုသပေးပို့ ဦးတည်ပြီးရောက်ရှိလာတာ ဖြစ်ပါသလဲခင်ဗျ။


ဖြေ။ ကျွန်တော်တို့ဒီကိုလာပြီး ကုသပေးတဲ့အခါမှာ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ ဒေသတွေ မှာပေါ့နော် တွေ့ရတဲ့ သဘာဝဘေးအန္တရာယ်နောက်ပိုင်းမှာ ဖြစ်တဲ့ရောဂါတွေပေါ့။ အထွေထွေ ရောဂါတွေရော၊ ခွဲစိတ်ကုသမှုနဲ့ဆိုင်တဲ့ ရောဂါတွေရော၊ ကလေးတွေမှာဖြစ်တတ်တဲ့ ရောဂါ တွေနဲ့ အရိုးအထူးကုဆိုင်ရာ ရောဂါများကို အထူးကုအဖွဲ့အနေနဲ့ လာပေးတာပါ။ 


မေး။ ဟုတ်ကဲ့ပါဆရာ။ ဆရာ့အနေနဲ့ အရင်ကလည်းဒါမျိုး နယ်လှည့်ပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးတဲ့အခါမှာ ဆရာ့အနေနဲ့တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတွေ ကိုလည်း ဖြည့်စွက်ပြီးတော့ ပြောပြပေးပါဦး ခင်ဗျ။


ဖြေ။ ကျွန်တော့်အနေနဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေ နယ်တွေကိုလည်း သွားဖူးပါတယ်။ သဘာဝဘေးအန္တရာယ်တွေကိုလည်း သွားဖူးပါတယ်။ ကျွန်တော့်အနေနဲ့ သဘာဝဘေး အန္တရာယ်ဖြစ်ပြီးတဲ့ ဒေသတွေကို ဆေးလာကုရတဲ့ အတွေ့အကြုံသစ်တစ်ခု ရရှိပါတယ်။


မေး။ ဆရာ ကျေးဇူးတင်ပါတယ်ခင်ဗျ။


ဖြေ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။



မေး။ ဆရာမကြီးရဲ့ အမည်နဲ့ရာထူးကို တစ်ချက်လောက် ပြောပြပေးပါဦး ခင်ဗျာ။


ဖြေ။ ကျွန်မအမည်ကတော့ ဒေါ်မင်းမင်းစိုးဖြစ်ပါတယ်။ ရာထူးကတော့ ဦးစီးအရာရှိပါ။ ကျွန်မတို့ဌာနကတော့ မြို့နယ်ကျန်းမာရေးဌာန မြောက်ဦးဖြစ်ပါတယ်။


မေး။ အခုလိုမျိုးနယ်လှည့်ဆေးကုသရတာနဲ့ပတ်သက်လို့ ဆရာမကြီးက ပြောချင်တာလေး တွေရှိရင် ဖြည့်စွက်ပြီး ပြောကြားပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျ။


ဖြေ။ နယ်လှည့်အဖွဲ့ဆေးကုတာကတော့ အမတို့အနေနဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုလို့ ရှိရင်ပေါ့လေ အားလုံးကောင်းပါတယ်နော်။ နယ်လှည့်ရတာ။ အမတို့အတွက်တော့ မိုခါ နောက်ပိုင်းမှာ အလုပ်တွေက အများကြီးပိုသွားတယ်။ အများကြီးလုပ်ရတယ်။ တခါတလေ ကျရင် ဒီနယ်လှည့်ဆေးကုသအဖွဲ့ကို အလုပ်လုပ်နေရင်းနဲ့ အမတို့ရဲ့ပင်မအလုပ်ကိုတောင် ပျောက်တဲ့အထိဖြစ်တယ်။ အဲ့ဒီတော့ ပင်မအလုပ်ကိုလည်း လုပ်ရတယ်၊ နယ်လှည့် ဆေးကုသအဖွဲ့နောက်ကိုလည်း လိုက်ရတယ်၊ အတွေ့အကြုံတွေကတော့ အများကြီးပေါ့။ နောက်ထပ်က ဘာအတွေ့အကြုံလည်းဆိုရင် ဒီမိုခါနောက်ပိုင်းမှာ ဖြစ်လာတဲ့ရောဂါတွေထဲမှာ ကလေးတွေက နေထိုင်မကောင်းတာတွေ ပိုပြီးတော့တွေ့လာရတယ်။ လူကြီးတွေလည်း မုန်တိုင်းနောက်ပိုင်းမှာ ပိုပြီးနေမကောင်းတာတွေ တွေ့လာရတယ်။ 


မေး။ ဆရာမကြီးအနေနဲ့ ပြည်သူတွေကို ကျန်းမာရေးနဲ့ပတ်သက်လို့ အသိပညာပေး စကား လေးတွေ ပါးပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။


ဖြေ။ ပြည်သူတွေအတွက် အသိပညာပေးအနေနဲ့ ပြောရမယ်ဆိုရင် အာဟာရပြည့်ဝတဲ့ အစား အစာတွေစားဖို့၊ အစာအုပ်စု (၃) အုပ်စုနဲ့ညီအောင် စားဖို့လိုပါတယ်။ ပဲအမျိုးမျိုးကို စားဖို့လို ပါတယ်။ ဘာလို့လဲဆိုတော့ အာဟာရပြည့်ဝမှသာ ရောဂါဘယကင်းမှာဖြစ်ပါတယ်။ အာဟာရ မပြည့်ဝဘူးဆိုရင် ရောဂါလည်းမကင်းတဲ့အပြင် အာဟာရနဲ့ဆက်စပ်ပြီးတော့ နောက်ထပ်ရောဂါ တွေလည်း ထပ်ရပါတယ်။ နောက်တစ်ခုက စားနေတဲ့ အစားအစာတွေပေါ့နော်။ ဥပမာ- မုန့်တီ လိုမျိုးတို့၊ ငပိလိုမျိုးတို့၊ အချိုမှုန့်လိုမျိုးတို့ လျှော့စားမယ်ဆိုရင် ခုနက သွေတိုးတဲ့ရောဂါတွေ၊ နောက် ငရုပ်ကောင်းတွေ ငရုပ်သီးတွေစားတဲ့အတွက် အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါတွေ ကင်းရှင်းမှာဖြစ်ပါတယ်။ အများစုကို ကြည့်လိုက်မယ်ဆိုရင် သွေတိုးကြတယ်၊ ဆီးချို၊ သွေးချို တွေဖြစ်ကြတယ်၊ အစာအိမ်ရောဂါတွေဖြစ်ကြတယ်၊ အဲ့ဒါတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအစား အစာတွေကို လျှော့ပြီးတော့စားပြီး ကျန်းမာရေးလိုက်စားမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ဘာလဲဆိုရင်၊ လူတွေက ပြောတယ်ပေါ့နော်၊ ဆေးရုံဆေးခန်းလို့ ကျန်းမာရေးလို့ ပြောလိုက်တဲ့အခါကျရင် ဆေးရုံ ဆေးခန်းကိုပဲမြင်တယ်၊ ဒီ Community က ဆရာ၊ ဆရာမတွေကို မမြင်ကြဘူး၊ Community က ဆရာမတွေလည်း ပင်ပန်းကြပါတယ်လို့၊ မြင်တဲ့အခါမှာ ဆေးရုံဆေးခန်းက ဆရာမတွေတင် မမြင်ဘဲနဲ့ ကျွန်မတို့ ဒီ Public မှာ ပြည်သူလူထုကို စောင့်ရှောက်နေကြတဲ့ ဆရာမတွေကိုလည်း ပြေးပြီးတော့မြင်ကြပါလို့၊ ဒီဆရာမတွေပြောတဲ့ ကျန်းမာရေးပညာပေးတဲ့ဟာတွေကိုလည်း မှတ်သားပြီးတော့ လိုက်နာတယ်ဆိုရင် ကျွန်မတို့က ကျန်းမာရေးကောင်းမွန်တဲ့ ပြည်သူ ပြည်သားတွေ ရမှာပါ။ 



မေး။ မင်္ဂလာပါညီ။ ညီလေးက အခုဆေးကုသဖို့ ဘယ်ရပ်ကွက်ကနေ လာရပါသလဲ။


ဖြေ။ ကျွန်တော်က မြို့သစ်ရပ်ကွက်ကနေပြီး လာပြတာပါ။


မေး။ အခုလာပြရတဲ့ ရောဂါလက္ခဏာက ဘာဖြစ်လို့လာပြရတာလဲ။


ဖြေ။ ကျောင်းသားဖြစ်တဲ့အတွက် စာကျက်ရတာအဆင်မပြေလို့ မျက်စိကို လာပြတာပါ။


မေး။ နယ်လှည့်ဆေးကုသရေးအဖွဲ့နဲ့ ပတ်သက်လို့ စိတ်ထဲမှာ ပြောချင်တဲ့အရာနဲ့ ခံစားချက်ကလေးကို တစ်ချက်လောက် ပြောပြပေးပါလား။


ဖြေ။ အခုလို ရပ်ကွက်တွေထိလာပြီးတော့ ဆေးကုသပေးတဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့က ဆရာတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ပြီးလျှင်ပိုက်ဆံမရှိတဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ကျွန်တော်တို့လို နေမကောင်းတဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးရုံတွေသွားလျှင်လည်း ဆေးဖိုးဝါးခ တွေက အရမ်းကြီးတယ်လေ။ ပြီးလျှင် ဒီလိုမကြာခဏ လာဖို့အတွက်လည်း ကျွန်တော် တောင်းဆိုချင်ပါတယ်။ ရပ်ကွက်ထဲက မရှိဆင်းရဲသားတွေအတွက်လည်း အဆင်ပြေတာပေါ့။ ကျွန်တော်သူတို့တွေအတွက်လည်း ဝမ်းသာဝမ်းမြောက်ဖြစ်တယ်ပေါ့။ 


မေး။ နောက်ဆုံးအနေနဲ့ ညီလေးက နယ်လှည့်ဆေးကုသရေးအဖွဲ့နဲ့ပတ်သက်ပြီး တစ်ရွာလုံး တစ်ရပ်ကွက်လုံးကိုယ်စား အမြင်လေး၊ အကြံပြုချင်တာလေးရှိရင် ဖြည့်စွက်ဆွေးနွေးပေးပါဦး။


ဖြေ။ နောက်ဆုံး ဒီရပ်ကွက်ကိုလာသလိုမျိုးပေါ့လေ အခြားနယ်တွကိုလည်း သွားစေချင်ပါ တယ်။  အခြားနယ်တွေမှာလည်း ပိုက်ဆံမရှိလို့ ဆေးမကုသနိုင်တဲ့လူတွေ အများကြီးရှိမှာပေါ့ နော်။ အဲ့ဒီနယ်တွကိုလည်း သွားစေချင်ပါတယ်။ အခုလိုမျိုး ဆေးကုသအဖွဲ့တွေကို ခဏခဏ လာစေချင်တာပေါ့နော်။ ပေးထားတဲ့ဆေးတွေကုန်အောင် သောက်ပေမယ့် နောက်တစ်ခါမလာ တော့ဘူးဆိုရင်တော့ အဆင်မပြေဘူးပေါ့နော်။ ဒါကြောင့် ခဏခဏလာစေချင်တဲ့ သဘောတော့ ရှိပါတယ်။ နေရာအနှံ့ကိုလည်း သွားစေချင်တာပေါ့နော်။ အဖွဲ့အစည်းတွေကလည်း ရခိုင် ပြည်နယ်အတွက်ရယ်တင်မဟုတ်ဘဲ နေရာအနှံ့ကို သွားစေချင်ပါတယ်။


မေး။ ညီလေးကို ကျေးဇူးတင်ပါတယ်။


ဖြေ။ ကျေးဇူးတင်ပါတယ်။


တွေ့ဆုံမေးမြန်းသူ- ဦးဖြိုးမောင်မောင် 

ဓါတ်ပုံ- မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)