၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပေါက်တောမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပေါက်တောမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား





MNP ၊ မေ  ၁

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယနေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာ အတန်းအလိုက် ဆရာဆရာမများက သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။

ပေါက်တောမြို့နယ်တွင် အခြေခံပညာ အထက်တန်း၊အလယ်တန်း၊မူလတန်းကျောင်း စုစုပေါင်း ၁၇၀   ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း အထက်တန်း၊အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း   ၁၄ ကျောင်း၊ကိုယ်ပိုင်ကျောင်း အထက်တန်း၊အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း    ၂ ကျောင်း၊ စုစုပေါင်း ၁၈၆     ကျောင်းများကို စတင်ဖွင့်လှစ်ပြီး ယနေ့တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း     ၁၈၄၂၅ ဦးတက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံး မှသိရသည်။


ထို့ပြင် ကျောင်းတက်ရောက်ကြသည့် ကျောင်းသား ကျောင်းသူများကို ဆရာ ဆရာမများနှင့် တာဝန်ရှိသူများက စနစ်တကျဆောင်ရွက်ပေးလျက်ရှိရာ ဗိုလ်မှူးချုပ် ဆန်နီအုန်း နှင့် တာဝန်ရှိသူများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ က သွားရောက်ကြည့်ရှု၍  ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ နှင့် စာရေးကိရိယာများ ထောက်ပံ့ ပေးအပ်ပြီး ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြေားကြားခဲ့ကြောင်း သိရသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)