ပေါင်မြို့နယ်တွင်အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ






MNP ၊    ဇွန်   ၁၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနား ကိုယမန်နေ့ည‌နေပိုင်းက   ပန်းကုန်းမွန်ကျေးရွာ သာယာကုန်းတိုက်ကျောင်း၌ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ  မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှုး ဦးကျော်ကျော်လတ်က နိုင်ငံတော်မှထောက်ပံ့မှုဖြင့် ယခုသင်တန်းဖွင့်လှစ်ရခြင်း‌ဖြစ်ကြောင်း မိမိ၏ငွေမကုန်ဘဲ သင်တန်းတက်ရောက်ရာတွင် ‌သင်တန်းသူများအနေဖြင့်သင်တန်းပြီးဆုံးသည်ထိတက်ရောက်ပေးကြလို့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ၊ စက်ချုပ်ပညာသည် လူတိုင်းတက်သိနားလည်အောင် အခြေခံစက်ချုပ်ပညာသင်ထားသင့်ပါကြောင်း၊ အဝတ်အစားသည်လူတိုင်းမဖြစ်မနေဝတ်ဆင်ကြသည့်အတွက် စက်ချုပ်ပညာသည်လူတိုင်းတွက်အရေးကြီးပါကြောင်းအမှာစကားပြောကြားသည်။


ထို့နောက် ပေါင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နွေးနွေးက ယခုသင်တန်းဖွင့်လှစ်ရခြင်းသည် မြန်မာအမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာစေတဲ့အတွက် သင်တန်းဖွင့်လှစ်ပေးတဲ့အတွက် ဝမ်းသာပါကြောင်း‌ကျေးဇူးတင်စကားပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် စိတ်ပါဝင်စားသည့်သင်တန်းသူများ တက်ရောက်ကြပြီ သင်တန်းကာလမှာ တစ်လ ကြာမြင့်သွား‌ကြောင်းသတင်းရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)