ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မိုင်းအသိ၊ မိုင်းသတိ အသိပညာပေး​ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မိုင်းအသိ၊ မိုင်းသတိ အသိပညာပေး​ဆွေးနွေးပွဲကျင်းပ




MNP ၊    ဇွန်   ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မိုင်းအသိ၊ မိုင်းသတိအသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့သည်။


ရှေးဦးစွာ တပ်မ(၂)၊ နည်းဗျူဟာ(၃)၊ တပ်ရင်း(၁၂)မှ ဒုတိယဗိုလ်မှူးကြီးနေလင်းထွန်းက ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ဖောက်ခွဲဖျက်စီးမှုဖြစ်စဥ်များမ​ဖြစ်ပွားစေရန်၊ အများပြည်သူများအထိတ်တလန့်မဖြစ်စေရေး၊ မြို့တွင်းမြို့ပြင်ဖောက်ခွဲဖျက်စီးမှုများမဖြစ်ပေါ်စေရေး၊ ပေါက်ကွဲစေတက်သောပစ္စည်းများတွေ့ရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့အသိပေးရန်၊ မိုင်းအမျိုးအစားများနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများပြောကြားခဲ့ပြီး အမှတ်(၉၀၅)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ သင်တန်းနည်းပြဆရာ(၄)ဦးတို့က မြို့တွင်း၊ မြို့ပြင်မိုင်းရှင်းလင်းရေးနှင့်တွေ့ကြုံခဲ့ရသောဖြစ်စဥ်များနှင့်ပတ်သက်၍ မိုင်းအသိ၊ မိုင်းသတိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြသည်။


ထို့နောက် တပ်မ(၂)၊ နည်းဗျူဟာ(၃)မှ ဗျူဟာမှူးဗိုလ်မှူးကြီးထွန်းထွန်းဝင်းက မြို့တွင်း၊ မြို့ပြင်မိုင်းရှင်းလင်းရာ၌ တွေ့ကြုံခဲ့ရသောဖြစ်စဥ်များနှင့်တွေ့ကြုံလာနိုင်သောဖြစ်စဥ်များကို အသိပညာပေးဟောပြောခဲ့ခြင်း၊ မိုင်းအမျိုးအစားအမျိုးအမျိုးနှင့်အန္တရာယ်ရှိပုံ၊ မိုင်းအသိ၊ မိုင်းသတိနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့သည်။


အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ တပ်မ(၂)၊ နည်းဗျူးဟာ(၃)မှ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းဝင်း၊ တပ်မ(၂)၊ နည်းဗျူဟာ(၃)၊ တပ်ရင်း(၁၂)မှ ဒုတိယဗိုလ်မှူး​ကြီး နေလင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌဦးမျိုးသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး/ ဆယ်အိမ်မှူးများ၊ စုစုပေါင်းအင်အား(၁၆၀)ဦး တက်ရောက်ခဲ့ကြသည်။


ဇွဲမင်းထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)