Pages

Pages

နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ မီးငြှိမ်းသတ်လက်တွေ့သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်




MNP ၊    ဇွန်   ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနမှ အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်လက်တွေ့သရုပ်ပြသခြင်းများကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲ အချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်ကျော်လင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကျဉ်သင့်သည့် အချက်များ၊ မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အရေးပေါ်ဆောင်ရွက်ရမည့် အချက်များ စသည့်အကြောင်းအရာများ ကို ပရိုဂျက်တာဖြင့် အသိပညာပေး ပြသဟောပြောခဲ့သည်။


ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်ရှေ့မြေကွက်လပ်၌ မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများအား ပြသခဲ့ပြီးနောက်  မီးသတ်ဆေးဘူးဖြင့် လက်တွေ့ မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းကို လက်တွေ့လေ့ကျင့်မှုများ ပြုလုပ်စေခဲ့ ကြောင်းနှင့်အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲသို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူ (၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment