Pages

Pages

ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တိုင်းရင်းသား‌ရေးရာကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်




MNP ၊    ဇွန်   ၂၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့ဝင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၂၇ ရက်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်များအတွင်းရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်း လျှောက်ထားလာမှုများနှင့် စပ်လျဉ်း၍ ဒေသခံတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာအရ သတ်မှတ်မြေများ၊ အများပြည်သူနှင့် တိုင်းရင်းသားများ ဆိုင်ရာ၊ ဘာသာရေး၊ သာသနာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့အတွက် လက်ရှိအသုံးပြုထားသည့်မြေများ စသည်တို့နှင့် သက်ဆိုင်ခြင်းရှိမရှိ သဘောထား မှတ်ချက်ပြန်လည်တင်ပြနိုင်ရေး ကွင်းဆင်ကြည့်ရှု စစ်ဆေးဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။        


ဆက်လက်ပြီး ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် အဖွဲ့သည် ဇွန် ၂၈ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များနှင့်တွေ့ဆုံ၍ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ကျိုင်းတုံမြို့၊ ပြည်နယ်အစိုးရအဖွဲ့ ခေမရဋ္ဌ်ရိပ်သာ အစည်းအဝေးခန်းမ၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။


အောင်ဇင်မြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment