မိုင်းယုမြို့၌ ရာသီပေါ် ကြာခွက်များ ခူးဆွတ်ရောင်းချရာ မိသားစုအပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယုမြို့၌ ရာသီပေါ် ကြာခွက်များ ခူးဆွတ်ရောင်းချရာ မိသားစုအပိုဝင်ငွေရရှိ





MNP ၊    ဇွန်   ၂၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ရှိ ကျေးလက်နေတောင်သူများ မိမိတို့ အိမ်ခြံဝင်းအနီး ရေကန်များ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် ရာသီပေါ်ကြာခွက်များ ခူးဆွတ်ရောင်းချရာ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြသည်။


ကြာပွင့်များမှာ မျိုးကိုလိုက်၍ အဖြူ၊ အဝါ၊ အပြာ၊ အညို စသည်ဖြင့် အရောင်အမျိုးမျိုးရှိသော်လည်း မိုင်းယုဒေသတွင် ကြာအဖြူရောင်တစ်မျိုးသာ တောင်သူတို့၏ အိမ်ခြံဝင်း နောက်ဖေး ရေကန်အတွင်း၌လည်းကောင်း၊ တောင်ယာတို့တွင်လည်းကောင်း ကြာကန် တစ်ကန်စနှစ်ကန်စဖြင့် အနည်းအကျဉ်းစီသာ စိုက်ပျိုးထားကြကြောင်း၊ ကြာပင်များအပြင် အဆိုပါ ကန်အတွင်း၌ ငါးမျိုးစုံ အနည်းငယ်စီကိုလည်း မွေးမြူထားလျက်ရှိကြောင်း၊ ယခုအခါ မိုးရာသီ၌ ကြာပင်များမှ ပွင့်၍ ရင့်မှည့်လာသည့် ကြာခွက်များကို ကြာခွက်အကြီးအသေးပေါ်မူတည်၍ ငါးခွက်မှ ခုနှစ်ခွက်ပါ ကြာခွက်တစ်စီးလျှင် ကျပ်ငွေတစ်ထောင်ဖြင့် ဒေသတွင် မိသားစုအပိုဝင်ငွေရရှိရန် လှည့်လည်ရောင်းချရပါကြောင်း ကြာခွက်ရောင်းချသူက ဆိုသည်။


ကြာပင်သည် ရေကန်၊ အင်းအိုင်များတွင်လည်းကောင်း၊ ချောင်းရိုး၊ ကမ်းစပ်များတွင်လည်းကောင်း ပေါက်ရောက်ကြပြီး အမြစ်များမှာ ပွ၍ ရွံ့ညွန်များကို ကုပ်တွယ်ထားကာ ကြာရွက်ဝိုင်းများသည် ရေပေါ်တွင် အမြဲပေါ်လျက်ရှိကြောင်း၊ ပွင့်ညှာတစ်ခုအဖျားတွင် များသောအားဖြင့် ကြာပွင့်တစ်ပွင့်သာ ပွင့်ပြီး ကြာပွင့်သည် ရက်ပေါင်းသုံးရက်လောက်သာခံကြောင်း၊ သုံးရက်မှလွန်လျှင် ညှိုးနွမ်းသွားကာ ကြာပွင့်မှ ပွင့်ဖတ်နှင့် ပွင့်ချပ်များ တဖြည်းဖြည်း ကြွေကျပြီးနောက်တွင် ချိုးယူစားသုံးနိုင်သည့် ကြာခွက်သို့ရောက်ရှိလာကာ ၎င်းကြာခွက်ထဲမှ ကြာစေ့များကို တွေ့ရှိနိုင်ပြီး အဆိုပါကြာခွက်များကို လူကြီးများထက် ကလေးသူငယ်များက သရေစာအဖြစ် အများဆုံး ကြိုက်နှစ်သက်စွာ စားသုံးတတ်ကြကြောင်း သိရသည်။


ကိုကိုနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)