Pages

Pages

ရေဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး


MNP ၊    ဇွန်   ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ကျန်းမာရေးဌာန၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ရေဦး-တန့်ဆည်မြို့ထွက် ဂိတ်နေရာတွင် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးဂိတ် ဖွင့်လှစ်ကာ အရှိန်မပျက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့က မြို့တွင်းဝင်ထွက်သွားလာလျက်ရှိသော ခရီးသွား ပြည်သူများ၊ မော်တော်ယာဉ်မှူးနှင့် ယာဉ်နောက်လိုက်များ၊ ဈေးသည် ဈေးဝယ်သွားလာကြသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားရှိမှုရှိ/မရှိ၊ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားရှိမှု၊ ထပ်ဆောင်းအပို ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများကို စစ်ဆေးခြင်း၊ တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးထိုးနှံခြင်းမရှိသူများအား ပထမအကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အကြိမ်ပြည့်ထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား  တတိယအကြိမ်  ထပ်ဆောင်းအပိုထိုးနှံပေးခြင်းအပြင် ထပ်ဆောင်းအပိုအဖြစ် စတုတ္ထ အကြိမ်နှင့် ပဉ္စမအကြိမ် အထိလည်း ထိုးနှံပေးလျက်ရှိကြောင်း၊ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့် အတူ မြို့နယ်ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ အသက် ၅ နှစ်နှင့် အထက် ကလေးများကိုလည်း  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် မေလနှင့် ဇွန် ၂၈ ရက်နေ့အထိ ကိုဗစ် -၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံသူ  ၅၉၅ ဦး၊ ဒုတိယအကြိမ် ထိုးနှံသူ  ၂၃၂ ဦး၊ တတိယအကြိမ် ထပ်ဆောင်းအပိုထိုးနှံသူ  ၅၆၇ ဦး၊ စတုတ္ထအကြိမ် ထပ်ဆောင်းအပိုထိုးနှံသူ ၂၁၃ ဦး စုစုပေါင်း ၁၆၀၇ ဦးထိုးနှံ‌ပေးပြီးခဲ့ကြောင်း သိရသည်။


သန်းသန်း  

https://t.me/MyanmarNationalPost




No comments:

Post a Comment