Pages

Pages

ဂွမြို့နယ်၌ " ဝန်ထမ်းကျင့်ဝတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်




MNP ၊    ဇွန်   ၂၈

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့၊ နေ့လယ်(၁၁)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။


ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိသည့် ခွင့်နှင့်စပ်လျဥ်းသည့် သတ်မှတ်ချက်များကို သိရှိနားလည် သဘောပေါက် လိုက်နာ ဆောင်ရွက်နိုင်ကြစေရန်နှင့် ဝန်ထမ်းတစ်ဦးခံစားခွင့်ရှိသည့် ခွင့်အမျိုးအစားများနှင့် ကာလများကို သိရှိနိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်းများနှင့် စာဖတ်ဝိုင်း ဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းနှင့် ဝန်ထမ်းများက ခွင့်နှင့်စပ်လျဥ်းသည့် သတ်မှတ်ချက်များနှင့် ခွငါ့အမျိုးအစားများအား တစ်ဦးချင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည်များကို ဦးစီးအရာရှိက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်းကို တစ်လလျှင် နှစ်ကြိမ် ပြုလုပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment