ဂွမြို့နယ်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက် သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက် သင်ကြား





MNP ၊ မေ  ၁

ရခိုင်ပြည်နယ်၊ ဂွမြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန် လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ  ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ပျော်ရွှင် အေးချမ်းစွာဖြင့် ကျောင်းစတင် တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။


ဂွမြို့နယ်အနေဖြင့် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် အခြေခံပညာကျောင်းပေါင်း(၈)ကျောင်း အမိုးလန် ပျက်စီးခဲ့သော်လည်း ယခုအခါရာနှုန်းပြည့် ပြင်ဆင်ပြီးမြောက်ခဲ့သဖြင့် ယနေ့တွင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပေါင်း(၁၄၀)တွင် ကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်ပညာ သင်ကြားလျက်ရှိသည်။


အဆိုပါ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး  ကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံးဗလာ စာအုပ်၊ ခဲတံ၊  ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။ 


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)