Pages

Pages

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်း လေဘေးသင့် ပြည်သူများအတွက် စားသောက် ကုန်ပစ္စည်း ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်





MNP ၊    ဇွန်   ၃၀

   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်ကျော်မင်းသည် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မုန်တိုင်းကြောင့် လေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်ပစ္စည်း ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ 


  အခမ်းအနားတွင်  ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းက အမ်းမြို့နယ်အတွင်း ကျေးရွာအုပ်စု(၂၂)အုပ်စုတို့မှ အိမ်ထောင်စု(၂၇၉)စုအတွက် မိုခါမုန်တိုင်းကြောင့် လေဘေး​သင့်ပြည်သူများကို  စားသောက် ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများအနေဖြင့်လည်း  ခရိုင်/မြို့နယ်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မ တီမှ ဆောင်ရွက်ချက်များကို ပါ ဝင်ပူးပေါင်းလိုက်နာဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။ 


ထို့နောက်  ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်းနှင့် အမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက် တို့ကမိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာ အုပ်စု(၂၂)အုပ်စုမှ အိမ်ထောင် စု(၂၈၉)စု လူဦးရေ(၁၁၉၅) ဦးနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် လူဦးရေ ၁ ဦးမှ ၃ ဦးထိရှိ အိမ်ထောင်စုတစ်စုလျှင် ဆီ ၂ ဗူး၊ ကော်ဖီမက်ထုတ်သေး ၂၀ ထုတ်၊ ရေသန့် ၁ ကတ်၊ မုန့် ၂ ထုတ်နှင့် ခေါက်ဆွဲ ၁၀ ထုတ်၊ လူဦးရေ ၃ ဦးမှ ၅ ဦးထိရှိ အိမ် ထောင်စုတစ်စုလျှင် ဆီ ၂ ဗူး၊ ကော်ဖီမက်ထုတ်သေး ၂၅ ထုတ်၊ ရေသန့် ၁ ကတ်၊ မုန့် ၂ ထုတ်နှင့် ခေါက်ဆွဲ ၁၀ ထုတ်၊ လူဦးရေ ၆ ဦးမှ ၈ ဦးထိရှိ အိမ်ထောင်စုတစ်စုလျှင် ဆီ ၃ ဗူး၊ ကော်ဖီမက်ထုတ်သေး ၃၀ ထုတ်၊ ရေသန့် ၁ ကတ်၊ မုန့် ၂ ထုတ်နှင့် ခေါက်ဆွဲ ၁၂ ထုတ်၊ လူဦးရေ ၉ ဦးထိရှိ အိမ်ထောင်စုတစ်စုလျှင် ဆီ ၃ ဗူး၊ ကော်ဖီမက်ထုတ်သေး ၃၀ ထုတ်၊ ရေသန့် ၁ ကတ်၊ မုန့် ၃ ထုတ်နှင့် ခေါက်ဆွဲ ၁၄ ထုတ်၊ ဘုန်းတော် ကြီးကျောင်း(၁)ကျောင်းလျှင် ဆီ ၄ ဗူး၊ ကော်ဖီမက်ထုတ်သေး ၃၀ ထုတ်၊ ရေသန့် ၂ ကတ်၊  ခေါက် ဆွဲ ၄၀ ထုတ်၊ ကြာစံ ၃ ထုတ်၊ ငပိကြော် ၁၀ ထုတ်အား ထောက်ပံ့ပေးအပ်ခဲ့ရာ လေဘေးသင့်ပြည်သူများကိုယ်စား လေဘေးသင့် ပြည်သူများက လက်ခံရယူခဲ့ကြသည်။ 


 အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့်ခရိုင်/မြို့နယ်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ​‌လေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment