လောက်ကိုင်မြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ကျောင်းသားများနှင့် ဝန်ထမ်းများအား ဟင်းအဟာရ ကျွေးမွေးလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လောက်ကိုင်မြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ကျောင်းသားများနှင့် ဝန်ထမ်းများအား ဟင်းအဟာရ ကျွေးမွေးလှူဒါန်း


MNP ၊    ဇွန်   ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသားများနှင့် ဝန်ထမ်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ဟင်းအဟာရ သုံးနပ်စာ  လှူဒါန်းခဲ့ကြောင်း သိရသည်။


အဆိုပါလှူဒါန်းမှုတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမိသားစုမှ ဟင်းတစ်နပ်စာ၊ မြို့နယ်အခွန်ဦးစီးဌာနမှ ဟင်းတစ်နပ်စာ၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဟင်းတစ်နပ်စာ စုစုပေါင်း ဟင်းသုံးနပ်စာအတွက် ယွမ်(၉၀၀)အား နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းသားများနှင့် ဝန်ထမ်းအတွက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။


ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းသားများနှင့် ဝန်ထမ်းများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ကျန်ရှိနေသည့် ဌာနဆိုင်ရာများမှလည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းလှူဒါန်းသွားရန် မှာကြားခဲ့ကြောင်း သိရသည်။


ညိုညိုဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)