Pages

Pages

အမ်းမြို့နယ်တွင်ကျေးလက်နေပြည်သူ များအား အသိပညာဗဟုသုတရရှိရေး အသိပညာပေးဟောပြောပွဲနှင့်ကျန်းမာ ရေးစောင့်ရှောက်ပေး






MNP ၊    ဇွန်   ၂၂

 ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်တွင်  ကျေးလက်နေပြည်သူများအားအ သိပညာဗဟုသုတရရှိရေး အတွက် အသိပညာပေးဟောပြောပွဲနှင့် တိုင်းရင်း ဆေးဖြင့်(အခမဲ့)ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းကို ယနေ့ နံနက်၉ နာရီအချိန်တွင်စပ်စီကျေးရွာအုပ်ချုပ် ရေးမှူနေအိမ်၌ အသိပညာပေးမှုလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

   ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းနှင့်မြို့နယ် တိုင်းရင်းဆေးကုဌာန၊မြို့နယ်တိုင်းရင်း ဆေးမှူး ဦးနေဝင်းအောင်နှင့်ဝန်ထမ်းများက စပ်စီကျေးရွာအုပ်စု၊စပ်စီကျေး ရွာရှိ ကျေးလက်နေပြည်သူအားအသိပပေးဟောပြောပွဲ များဆောင်ရွက်ပေး၍ ကျေးလက်နေပြည်သူ (၆၀)ဦးခန့်အား

တိုင်းရင်းဆေးဝါး (၂၂)မျိုးယူဆောင်ကာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များစစ်ဆေးကုသပေးခြင်း၊သွေးပေါင် ချိန်တိုင်းတာပေးခြင်း၊သွေး တိုး၊ဆီးချိုရှိသူ များနှင့်အခြားထုံနာ၊ကျဥ်နာ၊အ ဖျားရောဂါ အမျိုးမျိုးရှိသူများအား လိမ်းဆေး၊သောက်ဆေးနှင့် လိုအပ်သော ဆေးဝါးများပေးခြင်း စသည့် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို(အခမဲ့) ဆောင် ရွက် ပေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment