Pages

Pages

သီရိပျံချီ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ၏ သက်တော် (၅၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲကျင်းပ











MNP ၊ ဇွန် ၂၅

သီရိပျံချီ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ၏ သက်တော် (၅၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲကို ယနေ့ တပ်မတော် (ကုတင်-၁၀၀၀)ဆေးရုံ ရန်ကုန်တွင် ကျင်းပခဲ့သည်။

ဆရာတော်၏ မွေးနေ့ရောက်တိုင်း ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စုပေါင်းသွေးလှူဒါန်းပွဲများ ကျင်းပခဲ့ကြပြီး ဆရာတော်၏ တပည့်များနှင့် အမျိုးသားရေးလှုပ်ရှားသူများက နှစ်စဉ်နှစ်တိုင်း ကျင်းပဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ကျင်းပသော စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အမျိုးသားရေးအသင်းအဖွဲ့များက အလှူငွေများ ပူးပေါင်းထည့်ဝင်လှူဒါန်းဆက်ကပ်ကြသည်။

ယနေ့ ကျင်းပသည့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားတွင် မျိုးချစ်သွေးဓမ္မကွန်ရက် က အဟာရဒါန မုန့်ဟင်းခါးကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ဆရာတော်၏ သက်တော်(၅၅)နှစ်ပြည့် မွေးနေ့ဖြစ်ပြီး စုပေါင်းသွေးလှူဒါန်းမှူမှာ ဒဿမအကြိမ်မြောက်အထိ ရောက်ရှိခဲ့ပြီဖြစ်သည်။


#MyanmarNationalPost 

No comments:

Post a Comment