ငရုတ်ကောင်းမြို့၌ ပြည်သူများအတွက် ကြက်ဥနှင့်ငါးများဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငရုတ်ကောင်းမြို့၌ ပြည်သူများအတွက် ကြက်ဥနှင့်ငါးများဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး




MNP ၊    ဇွန်   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ အခြေခံစားသောက်ကုန်များဖြစ်သော ကြက်ဥနှင့်ငါးများအား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခြင်းကို ငရုတ်ကောင်းမြို့ဌာနဆိုင်ရာများမှပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းကအမှတ် (၁) ရပ်ကွက်၊ လမ်းမတော်လမ်း၌ရောင်းချပေးခဲ့ကြသည်။


အခြေခံစားသောက်ကုန်ရောင်းချပေးခြင်းကို မြို့အုပ်ချုပ်ရေးမှူးဦးဝေယံဦး၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိဦးရဲထွန်းဦး၊ မြို့ရဲတပ်ဖွဲ့စခန်းမှစခန်းမှူးရဲအုပ်ဦးထွန်းလင်းထက်၊ ငါးလုပ်ငန်းဦးစီးဌာနမှဦးစီးမှူးဦးအောင်ခိုင်စိုး၊ မီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးဦးသူရအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ကျော်မာလာလွင်၊ ရက်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများတို့က ပြည်သူများအားပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ကြက်ဥတစ်လုံးလျှင်(၂၅၀)ကျပ်နှုန်း၊ ငါးမျိုးစုံ(၅၀)ကျပ်သားလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)