Pages

Pages

မအီမြို့၌ ရတနာမာရ်အောင်တောရဓမ္မရိပ်သာကုန်းတော် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းဆောင်ရွက်






MNP ၊    ဇွန်   ၂၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ပေါ် ရတနာမာရ်အောင်တောရဓမ္မရိပ်သာကုန်းတော်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် မအီမြို့ပေါ် ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်  ၇း၃၀ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပုနှင့် ဝန်ထမ်းများ၊ မအီနယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော စုစုပေါင်းအင်အား (၆၀)ဦးခန့် တို့က မအီမြို့၊ ရတနာမာရ်အောင်တောရဓမ္မရိပ်သာကုန်းတော်ဝင်းအတွင်းရှိ သစ်ကိုင်းများ၊ ခြုံနွယ်များ၊ မြက်ပင်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသောအမှိုက်များအား မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်များဖြင့် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။


ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ခြင်းမှာ ရတနာမာရ်အောင်တောရဓမ္မရိပ်သာကုန်းတော်ဝင်းအတွင်း သာသနာ့နယ်မြေ သန့်ရှင်းသာယာစေရေး၊ တရားဓမ္မအားထုတ်ဆောက်တည်သူများ စိတ်အေးချမ်းစွာဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် လေကောင်းလေသန့်ရရှိစေရေးတို့ကို ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နောက်လာမည့် စနေနေ့တိုင်းတွင်လည်း မအီမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို အများပြည်သူ အသုံးပြုရာ လူစည်ကားရာနေရာများ၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment