ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်း ကျောင်း(ပေါင်လင်း)သို့ သွားရောက် ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်း ကျောင်း(ပေါင်လင်း)သို့ သွားရောက် ကြည့်ရှုအားပေး







MNP ၊ ဇွန် ၁၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊  ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇွန်(၁၃)ရက် နံနက်(၈)နာရီခွဲက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပေါင်လင်းကျေးရွာအုပ်စုရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ပေါင်လင်း)သို့ သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။


စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း(ပေါင်လင်း)ရှိ အောင်အင်းလေး ရှင်းလင်းဆောင်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသစ်မှ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အထက်တန်းကျောင်း(ပေါင်လင်း)၏ ပညာရေးဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက စက်မှု၊စိုက်ပျိုးရေး၊ မွေးမြူရေး၊အထက်တန်းကျောင်း (ပေါင်လင်း)ကျောင်း အကွက်ချပုံစံတွင်ထည့်သွင်းလျာထားသော အဆောက်အဦနှင့်ပတ်သက်၍ ရှင်းလင်းကြောင်း သိရသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်များသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများအား ကြည့်ရှု အားပေးစကား ပြောကြားပြီး ကျောင်းအတွက် ဘက်စုံအသုံးပြုရန် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူပြီး ကွန်ပျူတာခန်းမ ၊ပုံဆွဲခန်းမတို့ကို လှည့်လည်ကြည့်ရှု၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ဘက်စုံဖွံ့ ဖြိုးရေးအတွက် အသုံးပြုနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်တို့က ပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများမှ လက်ခံရယူသည်။


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပေါင်လင်း)တွင် ဘာသာရပ်အလိုက် ကျောင်းသားအင်အားမှာ စက်မှုတွင်(၉၀)ဦး၊ စိုက်ပျိုးရေးတွင်(၃၀)ဦး၊ မွေးမြူရေးတွင် (၁၈)ဦး စုစုပေါင်း(၁၃၈)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။


၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လုံခုတ်ကျေးရွာအုပ်စု ဟိုပုံးရေထွက်ကြီးသို့ သွားရောက် ကြည့်ရှုရာ အပန်းဖြေစခန်း မွမ်းမံဆောင်ရွက်မည့် ကိစ္စရပ်နှင့်ပတ်သက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များ  ဖြည့်စွက်မှာကြားခဲ့ပြီး ကန်အတွင်းလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


မောင်မောင်သန်း (တောင်ကြီး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)