MNP ၊ ဇွန် ၂၂
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ငပလီမြို့ ၌ လူငယ်အသိပညာပေးဟောပြောပွဲ၊နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကိုယနေ့ နံနက်(၁၀း၀၀) နာရီက အမကငပလီကျောင်းစာသင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငပလီ မြို့ဦးစီးမှုးဒေါ်မြင့်မြင့်အေး ကမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ကျောင်းသားလူငယ်များသိရှိလိုက်နာသင့်သည့်အချက်များ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ရရှိလာမည့် ဆိုးကျိုးအန္တရာယ်များအားေပြာကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်နံရံကပ်စာစောင်နှင့်ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကိုစိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြေကြာင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment