ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေး(ရပ်/ကျေး)ရာထူးများ ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေး(ရပ်/ကျေး)ရာထူးများ ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲဖြေဆို






MNP ၊    ဇွန်   ၂၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လစ်လပ် လျက်ရှိ သည့် အငယ် တန်းစာရေး(ရပ်/ကျေး)ရာထူးများ ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲဖြေဆို ယနေ့ နေ့လည်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမအတွင်း  စစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါစာမေးပွဲကို သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့်သူများအား မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနတွင် လစ်လပ် လျက်ရှိသည့် အငယ်တန်းစာရေး(ရပ်/ကျေး) ရာထူး ၂၉ နေရာအား ခန့်ထားနိုင်ရေးအတွက် အရည် အချင်းစစ် ရေးဖြေ စာမေးပွဲဖြေဆိုရာတွင် ဘာသာရပ်များ အနေဖြင့် မြန်မာစာ ၊ အင်္ဂလိပ်စာ ၊အထွေထွေဗဟုသုတ များ အား ဖြေဆိုလျက်ရှိရာ ဖြေဆိုမည့်  အငယ်တန်းစာရေး(ရပ်/ကျေး)ရာထူးများအတွက် လျှောက်ထားသူ ၄၀ ဦးရှိပြီး  စာမေးပွဲ လာရောက်ဖြေဆိုသူ ၃၈ ဦးရှိရာ နှစ်ဦးပျက်ကွက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိ သူထံမှ သိရသည်။ ထို့အပြင် မောင်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် အငယ် တန်း စာရေး (ရပ်/ ကျေး) ရာထူးများ ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲဖြေဆိုပြီးသူများအား နှုတ်ဖြေ လူတွေ့စစ်ဆေး ခြင်း များကို ဆောင် ရွက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ 


 သက်လွင်စိုး၊ အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)