MNP ၊ ဇွန် ၂၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လစ်လပ် လျက်ရှိ သည့် အငယ် တန်းစာရေး(ရပ်/ကျေး)ရာထူးများ ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲဖြေဆို ယနေ့ နေ့လည်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမအတွင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့်သူများအား မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနတွင် လစ်လပ် လျက်ရှိသည့် အငယ်တန်းစာရေး(ရပ်/ကျေး) ရာထူး ၂၉ နေရာအား ခန့်ထားနိုင်ရေးအတွက် အရည် အချင်းစစ် ရေးဖြေ စာမေးပွဲဖြေဆိုရာတွင် ဘာသာရပ်များ အနေဖြင့် မြန်မာစာ ၊ အင်္ဂလိပ်စာ ၊အထွေထွေဗဟုသုတ များ အား ဖြေဆိုလျက်ရှိရာ ဖြေဆိုမည့် အငယ်တန်းစာရေး(ရပ်/ကျေး)ရာထူးများအတွက် လျှောက်ထားသူ ၄၀ ဦးရှိပြီး စာမေးပွဲ လာရောက်ဖြေဆိုသူ ၃၈ ဦးရှိရာ နှစ်ဦးပျက်ကွက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိ သူထံမှ သိရသည်။ ထို့အပြင် မောင်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် အငယ် တန်း စာရေး (ရပ်/ ကျေး) ရာထူးများ ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲဖြေဆိုပြီးသူများအား နှုတ်ဖြေ လူတွေ့စစ်ဆေး ခြင်း များကို ဆောင် ရွက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment