ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဓနုဖြူမြို့နယ် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီအတွက် ကန်ထရိုက်လယ်ယာနှင့်မျိုးစေ့ထုတ်လယ်ယာ တောင်သူလယ်သမားများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဓနုဖြူမြို့နယ် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီအတွက် ကန်ထရိုက်လယ်ယာနှင့်မျိုးစေ့ထုတ်လယ်ယာ တောင်သူလယ်သမားများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်


MNP ၊    ဇွန်   ၁၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်း ကျေးရွာအုပ်စုရှိ ကဥ္စနကျွန်းသာ (GOLD DELTA) ကုမ္ပဏီလီမိတက်၏ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီအတွက် ကန်ထရိုက်လယ်ယာနှင့် မျို့စေ့ထုတ်လယ်ယာ တောင်သူလယ်သမား များအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့ ယမန်နေ့မွန်းလွဲ ၁၃:၀၀ နာရီအချိန်က တက်ရောက် ခဲ့သည်။


အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကဥ္စနကျွန်းသာ ကုမ္ပဏီလီမိတက်၏ ဓနုဖြူအခြေပြုဒေသတာဝန်ခံ ဦးတိုးလွင်က ကန်ထရိုက်လယ်ယာ ဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က တောင်သူများအား ဓါတ်မြေသြဇာနှင့် မျိုးစပါးများပေးအပ်ခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဟိန်းထက်ဇော်၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း၊ အတွင်းရေးမှူးရဲမှူးအောင်နိုင်ဝင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူများ စုစုပေါင်း (၅၉၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)