Pages

Pages

ဖြူးမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ပညာရည်ချွန်ဆုပေးအပ်



MNP ၊    ဇွန်   ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျာင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ပညာရည်ချွန် ဆုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူးဒေါ်သီသီကြိုင်က ​ဖြူးမြို့နယ်အတွင်း ပညာရေးဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း၊ ကညွတ်ကွင်းမြို့၊ အမှတ်(၁)အခြခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်သီတာလွင်က အခြေခံပညာအထက(၁)ကျောင်း၏ ပညာရေးဆိုင်ရာ အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။


ဆက်လက်၍ အမှတ်(၁)အခြေခံပညအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူ များနှင့် ဘာသာရပ်အလိုက်ဂုဏ်ထူးရရှိသော ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များက တက်ရောက်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


ဖြူးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ(၅၃၆)ဦးတွင် (၅၀၄)ဦး ဖြေဆိုခဲ့ရာ(၃၆၆)ဦး အောင်မြင်၍  ဖြေဆိုအောင်မြင်မှု ရာခိုင်နှုန်းမှာ (၇၂.၆၂)ရာခိုင်နှုန်းရှိကြောင်း၊ (၅)ဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ (၄) ဘာသာဂုဏ်ထူး ရရှိသူ(၁၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၁ဝ)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ(၂၆)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ(၉၆)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


နေမျိုးလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment